သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

တောင်ကြီးမြို့တွင် စိတ်ကြွရူးသွပ်ဆေးပြား ၆၀၀၀ ကျော် ဖမ်းဆီးရမိဟုဆို

တောင်ကြီးမြို့တွင် စိတ်ကြွရူးသွပ်ဆေးပြား ၆၀၀၀ ကျော် ဖမ်းဆီးရမိဟုဆို

Hsan Loi Editor
23/08/2023
Share:

 

တောင်ကြီးမြို့နယ်တွင်း သြဂုတ်လ ၂၂ ရက်နေ့က စိတ်ကြွရူးသွပ် မူးယစ်ဆေးပြား ပေါင်း ၆၄၀၀ ပြား ဖမ်းဆီးရမိခဲ့ကြောင်း CCDAC MYANMAR သတင်းထုတ်ပြန်ချက်အရ သိရသည် ။

တောင်ကြီး မြို့ ကံကြီးရပ်ကွက်၊ တောင်ကြီး- ဆိုက် ခေါင်သွားကား လမ်းတွင် အမျိုးသား ၂ ဦးလိုက်ပါလာသော မော်တော်ဆိုင်ကယ်တစ်စီးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ပြား(ဒေသကာလပေါက် ဈေးတန်ဖိုးငွေကျပ် ၁၀ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ကွင်း ဆက်ဖော်ထုတ်ချက်အရ ကျော်အေးဆိုသူ အား ကံကြီးရပ်ကွက်တွင် မော်တော် ဆိုင်ကယ် ၁ စီးနှင့်အတူ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀ ပြား အားတွေ့ရှိခဲ့ကြောင်း သိရသည် ။

ထို့နောက် ကျော်အေး နေထိုင်သည့် တောင်ကြီးမြို့ နယ်၊ ပန်သခွားကျေးရွာရှိ နေအိမ် အတွင်းမှ စိတ် ကြွရူးသွပ်ဆေးပြား ၄၀၀၀ ပြား၊ စုစုပေါင်း စိတ်ကြွရူးသွပ်ဆေး ပြား ၄၄၀၀ ပြား(ဒေသကာလ ပေါက် ဈေး တန်ဖိုးငွေကျပ် ၂၂ သိန်း)အား ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြထားသည် ။

အဆိုပါ မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိသူများအား တောင်ကြီးမြို့မရဲစခန်းတွင်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုများရေးဖွင့် အရေးယူထားရှိပြီး ကွင်း ဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည် ။