တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

သာသနာညိုးနွမ်းစေတဲ့ဇတ်ကားရိုက်လို့ ၁၂ နှစ်သမီး သရုပ်ဆောင်ကိုပါ စစ်ကောင်စီဖမ်းဆီး

သာသနာညိုးနွမ်းစေတဲ့ဇတ်ကားရိုက်လို့ ၁၂ နှစ်သမီး သရုပ်ဆောင်ကိုပါ စစ်ကောင်စီဖမ်းဆီး

Hsan Loi Editor
19/08/2023
Share:

 

အဆိုပါဇတ်ကားနာမည်သည် Don’t expect anything ဖြစ်ပြီး Youtube channel ၌ တင်ထားသည်ကို တွေ့ရသည်။ ဖမ်းဆီးခံရသူများသည် Mr. Didier Nusbaumer (၅၂ နှစ်)၊ ဆန်းဝင်း (ခ) ဦးဇာနိန္ဒ (၃၁ နှစ်)၊ ဝင်းမိုး (၃၅ နှစ်)၊ ကျော်သက်ထွေး (၂၈ နှစ်)၊ ရဲလင်းထွန်း (၃၆ နှစ်)၊ မဇာနည်ဦး (၃၆ နှစ်)၊ ယွန်းအိခင် (ခ) ယွန်းယွန်း (၁၂ နှစ်)၊ ချမ်းချမ်းမေ (၁၈ နှစ်)၊ ရွှေရည်ဝင်း (၂၃ နှစ်)၊ ဖြိုးမောင်မောင် (၂၂ နှစ်)၊ ဉာဏ်လင်းဖြိုး (၂၁ နှစ်) စုစုပေါင်း ၁၄ ဦး ဖြစ်သည်ဟု စစ်ကောင်စီမီဒီယာများက ယမန်နေ့က ဖော်ပြထားသည်။

စစ်တပ်၏ အကြောင်းပြချက်တွင် “Isi Dhamma Youtube Channel နှင့် Tiktok တွင် ဗုဒ္ဓဘာသာ၊ သာသနာတော်နှင့် သံယာတော်များအပေါ် အထင်အမြင်လွဲမှားစေရန် ဖန်တီးပုံဖော်ထားသည့် ဘာမှ မမျှော်လင့်ပါနဲ့ Don’t expect anything အမည်ရှိ ဇာတ်လမ်းစတင်ပျံ့နှံ့ခဲ့ရာ ဇတ်လမ်းတွင် အမျိုးသမီးငယ်တဦးမှ ဗုဒ္ဓဘာသာဝင်တို့၏ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း အစဉ်အလာများကို ထိခိုက်ညှိုးနွမ်းစေပြီး ရဟန်းသံယာတော်များ၏ အကျင့်သီလအား ပုတ်ခတ်စော်ကားသော အပြောအဆိုနှင့် ရိုင်းပျသည့် စကားလုံးအသုံးအနှုန်းများ ထည့်သွင်း ပြောဆိုသွားခဲ့ကြောင်း” ဖော်ပြထားသည်။