သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

အင်းတော်ကြီးဒေသရှိ သျှမ်းတိုင်းရင်းများ နေထိုင်ကြသော နမ့်မော်ကန်ကျေးရွာတွင် ကလေး(၂၀၀)ဦးကျော် ဖျားနာမှုဖြစ်ပွား

အင်းတော်ကြီးဒေသရှိ သျှမ်းတိုင်းရင်းများ နေထိုင်ကြသော နမ့်မော်ကန်ကျေးရွာတွင် ကလေး(၂၀၀)ဦးကျော် ဖျားနာမှုဖြစ်ပွား

Hsan Loi Editor
17/08/2023
Share:

 

ကချင်ပြည်နယ် အင်းတော်ကြီးဒေသ အင်းတော်ကြီးကန်အရှေ့ဘက်ခြမ်းရှိ နမ့်မော်ကန်ကျေးရွာတွင် ကလေးငယ်(၂၀၀)ဦးကျော် ကူးစက်မြန်ဖျားနာရောဂါတစ်ခု ဖြစ်ပွားလျက်ရှိကြောင်း သတင်းရရှိသည်။ တုတ်ကွေးရောဂါလိုဖြစ်ပြီး ကူးစက်မှုနှုန်းလည်း မြင့်မားလျက်ရှိကာ တစ်ရက်ကလေးဦးရေ (၅၀)ဦးခန့် ဖျားနာကြသည်။

“နမ့်မော်ကန်ကျေးရွာက ကလေးတွေ အဖျားကူးနေကြတာက ဒီတစ်ပတ်ထဲမှာပဲကို ကလေးတွေ ရာကျော်လောက်ကို ဖျားနေကြတာ။ ကျောင်းမှာကူးကြရင်း နေ့တိုင်းအဖျားတွေကူးလာကြတာ ရွာက စာသင်ကျောင်းမှာဆိုရင် (၄)တန်းတစ်ခန်းလုံး အဖျားကူးကုန်ပြီး တစ်တန်းလုံးကျောင်းတောင်မသွားနိုင်ကြဘူးပြောတယ်။ ရွာက ကျေးလက်ကျန်းမာရေးဆေးခန်းတွေမှာလည်း တစ်ရက်တစ်ရက် ဆေးခန်းလာပြကြတဲ့ ကလေးတွေ (၅၀-၆၀)ယောက်လောက်တောင်ရှိတယ်။ တော်တော်များများကတော့ ကိုယ်ပူပြီး နှာစေး ချောင်းဆိုး၊ ခေါင်းကိုက်ခေါင်းမူးကြတယ်။ လက္ခဏာကတော့ တုတ်ကွေးလက္ခဏာတွေပေါ့လေ။ ဒီအနီးနား ပတ်ဝန်းကျင်ကရွာတွေမှာလည်း ကလေးတွေ ဖျားနေကြတယ်လို့ပြောတယ်။” ဟု အင်းတော်ကြီးဒေသ နမ့်မော်ကန်ရွာဒေသခံတစ်ဦးက ပြောပြသည်။

ဒါ့အပြင် ကလေးငယ်များပါမကဘဲ မိသားစုတစ်ခုတွင် တစ်ဦးဖျားပါက ကျန်သောသူများကိုပါ ကူးစက်ပြီး တစ်အိမ်လုံးဖျားကြကြောင်း သိရသည်။ အများအားဖြင့် (၁၂)နှစ်အောက် ကလေးငယ်များက အများဆုံး ကူးစက်နေကြကြောင်း သတင်းရရှိသည်။