နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

တောင်ကြီးတွင်ကျောင်းကားတစ်စီး တိမ်းမှောက်ကျောင်းသား/သူ အများအပြားထိခိုက်ဒဏ်ရာရရှိ

တောင်ကြီးတွင်ကျောင်းကားတစ်စီး တိမ်းမှောက်ကျောင်းသား/သူ အများအပြားထိခိုက်ဒဏ်ရာရရှိ

Hsan Loi Editor
17/08/2023
Share:

 

တောင်ကြီးမြို့၊ဘုရားဖြူရပ်တွင် ကျောင်းသား/သူများ တင်ဆောင်လာသည့်ကားတစ်စီး တိမ်းမှောက်ဖြစ်ပွားခဲ့ပြီး ကျောင်း သား/သူ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ လ ၁၀ ကျောင်းက လို့သိရတယ် ၊ သေတဲ့ စာရင်းတော့မကြားဘူးပဲ အကုန်အထိနာကြတယ်လို့တော့ အိမ်က က လေးတွေပြောနေကြတယ် အရေးပေါ်ရောက်နေတဲ့ လူကလဲရောက်တယ် ” ဟုတောင်ကြီးမြို့ခံ ကျောင်းသားမိဘ တစ်ဦးကပြောသည်။

ပြီးခဲ့သည့် ဩဂုတ် (၁၄) ရက်မနက် ၈ နာရီချိန်ခန့်ကဘုရားဖြူရပ်ကွက်ရှိ၊ ရပ်တော်မူ အဆင်းလမ်းတွင် ကျောင်းသား/သူများ တင်ဆောင်လာသည့်ကားတစ်စီး ဘရိတ်ပေါက်၍ အရှိန်မထိန်းနိုင်ပဲ တိမ်းမှောက်ဖြစ်ပွားခဲ့ပြီးကားပေါ်လိုက်ပါလာသည့် ယာဥ်မောင်တစ်ဦးအပါအဝင် ကျောင်းသား/သူ စုစုပေါင်း (၂၀) ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

၄င်းဖြစ်စဥ်နှင့်ပတ်သက်၍ ထိခိုက်ဒဏ်ရာရသူစာရင်းကို မှ အတည်ပြုနိုင်ခြင်းမရှိသော်လည်း လက်ရှိတွင် ထိခိုက်ဒဏ်ရာရရှိသူ ကျောင်းသား/သူများအား စဝ်စံထွန်းဆေးရုံ၌ကုသခံယူလျက်ရှိနေပြီး အပြင်းအထန်ဒဏ်ရာရရှိသူမျးလဲရှိကြောင်း မြို့ခံများထံမှ သိရသည်။