သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

ရွှေညောင်တွင် နေအိမ်မီးလောင်၍ (၄)နှစ်အရွယ် ကလေးတစ်ဦးမီးထဲ သေဆုံး

ရွှေညောင်တွင် နေအိမ်မီးလောင်၍ (၄)နှစ်အရွယ် ကလေးတစ်ဦးမီးထဲ သေဆုံး

Hsan Loi Editor
15/08/2023
Share:

 

တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့အမှတ်(၆)အောင်
သပြေရပ်ကွက်တွင် သြဂုတ်လ ၁၄ ရက် ည ၁၁နာရီ ချိန်ခန့်ကလူနေအိမ်တစ်လုံးမီးလောင်၍ အသက် (၄) နှစ်အရွယ်ကလေးငယ်တစ်ဦးမီးထဲ သေဆုံးခဲ့ကြောင်းဒေသခံများထံမှ သိရသည် ။

၄င်းမီးလောင်သည့် အိမ်သည်အောင်သပြေရပ် ကွက် ၊ ဓမ္မရောင်ခြည်ဘုန်းတော်ကြီးကျောင်းအရှေ့ဖက်၊ကျောင်း အုတ်နံရံနှင့်ကပ်လျှက်တည်ရှိပြီး မီးလောင်မှုဖြစ်ပွားစဥ် နေအိမ်တွင်ကလေး (၃) ယောက်သာ ရှိနေကြောင်း ရက်ကွက်နေပြည်သူများကပြောသည် ။

” အဖေဖြစ်သူကဆုံးသွားတာကြာပြီ ၊ အမေဖြစ်သူက အပြင်မှာအလုပ်ကြမ်းသွားလုပ်ရတာလေ အိမ်မှာ ကျန်ခဲ့တာကလေး ၃ ယောက် ၊ မီးကမလာတော့ ဖယောင်းတိုင်မီးထွန်းပြီး အမေပြန်အလာကိုစောင့်ရင်းကအိမ် မီးလောင်ပြီး အငယ်ဆုံးလေးမီးထဲပါ သွားတာစိတ်မကောင်းစရာပဲ ကလေးက ၅ နှစ်ပဲရှိသေးတယ် ” ဟု ရပ်ကွက်နေ ပြည်သူတစ်ဦးကပြောသည် ။

မိခင်ဖြစ်သူအလုပ်သွားချိန်တွင်ကလေး (၃)ယောက်ကို အိမ်မှာထားခဲ့ရပြီးအကြီးဆုံးသမီးမှာ (၁၂)နှစ် ၊ သား အလတ် (၉)နှစ်ခန့်အရွယ် နှင့် အငယ်ဆုံးသားမှာ (၄)နှစ်ခွဲ သာရှိသေးကြောင်း သိရသည် ။

အခင်းဖြစ်ညတွင် မိခင်ဖြစ်သူသည်လုပ်ဖော် ကိုင်ဖက်များနှင့်အတူ တောင်ကြီးမြို့ ၊ ဆောက်လုပ်ရေလုပ်ငန်းခွင် တစ်ခုသို့ အုတ်ကားဖြင့်လိုက်ပါကာ အုတ်အတင်/အချ သွားရောက်လုပ်ကိုင်နေရချိန်ဖြစ်ကြောင်း ကူညီ ကယ်ဆယ်ခဲ့သူများထံမှသိရပါသည် ။