သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

ကျောက်မဲ-နောင်ချိုကားလမ်းမကြီးအကြား ဂုတ်တွင်းအနီး၌ နောင်ချို ၁၁၄၊ ၁၁၅ တပ်မှ ကင်းလှည့်လာသည့် စစ်ကောင်စီယာဉ် တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား (၁၄) ဦးသေဆုံး၊ (၃) ဦး ဒဏ်ရာရရှိခဲ့

ကျောက်မဲ-နောင်ချိုကားလမ်းမကြီးအကြား ဂုတ်တွင်းအနီး၌ နောင်ချို ၁၁၄၊ ၁၁၅ တပ်မှ ကင်းလှည့်လာသည့် စစ်ကောင်စီယာဉ် တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား (၁၄) ဦးသေဆုံး၊ (၃) ဦး ဒဏ်ရာရရှိခဲ့

Hsan Loi Editor
05/08/2023
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် နောင်ပစ်ကျေးရွာအဝင်လမ်းတွင် ယမန်နေ့ ဩဂုတ်လ (၄) ရက်နေ့ နံနက် (၁၀) နာရီခန့်တွင် နောင်ချိုမြို့ ၁၁၄၊ ၁၁၅ တပ်ရင်းမှ ကင်းလှည့်လာသည့် စစ်ကောင်စီကား တိုက်ခိုက်ခံရပြီး အများအပြား သေဆုံးကြောင်း သတင်းရရှိသည်။

တိုက်ခိုက်ခံရသော စစ်ကောင်စီတပ်သား (၁၄) ဦး၊ သေဆုံးပြီး (၃) ဦး ဒဏ်ရာရရှိကာခဲ့သည်ဟု ဒေသခံများထံက သိရသည်။

“နောင်ချိုကနေ တက်လာတဲ့ စစ်ကောင်စီကားကို နောင်ပစ်ရွာအဝင်လမ်းနားမှာ ချောင်းပြီးပစ်ခံရတယ်။ အများကြီးသေတယ်။ တချို့တွေဆိုရင် ခြေတွေပြတ် လက်တွေပြတ်ထွက်ပြီး လမ်းမပေါ်မှာ ပြန့်ကျဲနေတာပဲ။ တစ်ယောက်ကတော့ သေနေတဲ့ အလောင်းပုံအောက်မှာ ပုန်းနေခဲ့လို့ လွတ်သွားတယ်ပြောတယ်။ စစ်ကောင်စီတပ်ရဲ့ လက်နက်တွေကိုတော့ လာပစ်သွားတဲ့အဖွဲ့က အကုန်သိမ်းသွားတယ်။ ကျနော်တို့အထင်တော့ TNLA နဲ့ PDF တို့ ပေါင်းပြီး တိုက်ခိုက်တယ်လို့ ထင်ရတာပဲ။ အထိနာသွားတဲ့ စစ်သားတွေ စစ်ကြောင်းနဲ့ပြန်လာခဲ့ပေမယ့် အခုထိတော့ တိုက်ပွဲသံမကြားရသေးဘူး။” ဟု အဆိုပါကျေးရွာအနီးတွင် နေထိုင်သော ဒေသခံက ပြောပြသည်။

တိုက်ပွဲဖြစ်ပွားခြင်းမဟုတ်ဘဲ ကင်းလှည့်လာသည့် စစ်ကောင်စီတပ်ကို TNLA နှင့် PDF ပူးပေါင်းအဖွဲ့ဟု ယူဆရသော လက်နက်ကိုင်အဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။