သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် ဝါယာရှော့ဖြစ်ပြီး နေအိမ်တစ်အိမ်မီးလောင်မှုဖြစ်ပွားခဲ့

သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် ဝါယာရှော့ဖြစ်ပြီး နေအိမ်တစ်အိမ်မီးလောင်မှုဖြစ်ပွားခဲ့

Hsan Loi Editor
04/08/2023
Share:

 

ယမန်နေ့ ဩဂုတ်လ (၃)ရက်နေ့ ညနေ (၄)နာရီခန့်တွင် သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ နယ်မမြေ ၄၊ မန်ကောင်းကျောင်းအနီး၊ ၄၂ လမ်းပေါ်တွင်ရှိသည့် နေအိမ်တစ်အိမ်လုံး ဝါယာရှော့ဖြစ်ပြီး မီးလောင်းကျွမ်းမှုဖြစ်ပေါ်ခဲ့ကြောင်း သတင်းရရှိသည်။

လားရှိုးမြို့တွင် လျှပ်စစ်မီးမကြာခဏပြတ်တောက်လျက်ရှိပြီး ရုတ်တရက်မီးပြန်လာရာမှ မီးလောင်ကျွမ်းမှုဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ နေအိမ်အတွင်း စက္ကူများစွာထားရှိခြင်းကြောင့် မီးလောင်ကျွမ်းမှုကို ပိုမိုအားကောင်းစေခဲ့ပြီး ပတ်ဝန်းကျင်မှ ဝိုင်းဝန်းကူညီငြိမ်းသတ်ပေးခဲ့ရသည်။

“မီးလောင်တဲ့အချိန် အိမ်ရှင်ဖြစ်သူတရုတ်ရိုးရာ တရားဟောဆရာက အိမ်မှာမရှိနေဘူး။ သူ့မိန်းမဖြစ်တဲ့သူပဲရှိတော့ မီးလောင်နေတဲ့အချိန်မှာ သူက ပတ်ဝန်းကျင်ကို အကူအညီတောင်းလို့ ပတ်ဝန်းကျင်က ကူညီငြိမ်းသတ်ပေးကြတယ်။ မီးသတ်ကို သတင်းလှမ်းပို့တဲ့အချိန်တော်တော်တောင် နောက်ကျနေပြီ။ မီးကလာလိုက်ပြတ်လိုက်ဖြစ်နေတော့ ခန့်မှန်းလို့မရဘူးလေ။ မီးပြန်လာတဲ့အချိန် ရုတ်တရက်ဝါယာရှော့ဖြစ်ပြီး လောင်တာလို့ပြောတယ်။” ဟု လားရှိုးမြို့ဒေသခံတစ်ဦးကပြောပြသည်။

မီးလောင်ကျွမ်းမှုကြောင့် လူထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိသော်လည်း နေအိမ်ကတော့ ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။