သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

ရေမီတာလိုက်ခိုးသည့် မြန်မာပြည်သားကို ထိုင်းရဲတွေဝိုင်းဖမ်း

ရေမီတာလိုက်ခိုးသည့် မြန်မာပြည်သားကို ထိုင်းရဲတွေဝိုင်းဖမ်း

Hsan Loi Editor
03/08/2023
Share:

 

ထိုင်း-ကရင်ပြည်နယ် နယ်စပ် မြဝတီမြို့တဖက်ကမ်းရှိ ထိုင်းနိုင်ငံ မဲဆောက်မြို့နယ်မြေအတွင်း၊ ရတ်ချ်အုထစ်လမ်းမပေါ်ရှိ ရေမီတာတချို့ကို လိုက်လံခိုးယူနေသည့် မြန်မာပြည်သားတဦးအား ထိုင်းရဲတပ်ဖွဲ့က ဝိုင်းဝန်းဖမ်းဆီးခဲ့သည်။

ရေမီတာများကို လိုက်လံခိုးယူနေသူ၏အမည်သည် နိုင်လင်းအောင် အသက် ၃၈ နှစ်ဟု သိရပါသည်။

သြဂုတ်လ ၁ ရက်နေ့ကလည်း မဲဆောက်မြို့နယ်၊ ဆွဲထဝီးချိုင်းလန်းလမ်းမတလျှောက် မယ့်ပါနယ်မြေဘက်၌ လိုက်လံဖြုတ်ယူခဲ့သည်။

ခိုးယူပြီးသည့် ရေမီတာများကို ပလစ်တစ် ပစ္စည်းအဟောင်းဆိုင်သို့ သွားရောက် ရောင်းချပေးခြင်းဖြစ်သည်။

အလားတူ ထိုင်းနိုင်ငံ နိုင်ငံခြားခရီးသွားဧည့်သည်များ အလည်အပတ်များသည့် ပတ္တရားကမ်းခြေမြို့၌ ဂတ်စ်မီးခြစ်သေနတ်ကိုအသုံးပြုပြီး နောက်ပြောင် ရယ်စရာ အကြမ်းဖက်လုယက်သည့် ရုပ်သံတိုရိုက်ကူးသည့် မြန်မာပြည်သား ၂ ဦးကိုလည်း ထိုင်းရဲတပ်ဖွဲ့က အကြမ်းဖက်မှုကို အားပေးအားမြောက်မှုဖြင့် ဖမ်းဆီးထိန်းသိမ်းထားသည်ဟု သတင်းရရှိပါသည်။

အဆိုပါ ရုပ်သံရိုက်ကူးပြီး လူမှုကွန်ယက်ပေါ်တင်ခဲ့သော မြန်မာပြည်သား ၂ ဦးအနေနှင့် ထောင်ဒဏ် ၁ လ ထိ သို့မဟုတ် ဒဏ်ငွေ ဘတ် ၁ သောင်း ပေးရနိုင်ခြေရှိပါသည်။


Ref: Maesod media, Bangkok post