ယမန်နေ့ ဇူလိုင်လ (၃၁) ရက်နေ့ နံနက်ပိုင်းတွင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေး (ကာ/လုံ) တွင် အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အတည်ပြုသတ်မှတ်ခဲ့သည်ဟု သိရသည်။
အဆိုပါအစည်းအဝေး ယာယီဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ တက်ရောက်ခဲ့ပြီး အရေးပေါ်အခြေအနေ ကြေညာထားသည့် ကာလကို ၁-၈-၂၀၂၃ ရက်နေ့မှစ၍ နောက်ထပ် (၆) လ တိုးမြှင့်သတ်မှတ်ကြောင်း သတင်းရရှိသည်။