နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

အစစ်အဆေးကြမ်းသည့် ဘားအံသံလွင်တံတားဂိတ်ပေါက်ကွဲမှုဖြစ်ပွား

အစစ်အဆေးကြမ်းသည့် ဘားအံသံလွင်တံတားဂိတ်ပေါက်ကွဲမှုဖြစ်ပွား

Hsan Loi Editor
31/07/2023
Share:

 

ဝင်ထွက်သွားလာနေသည့် ပြည်သူများကို စစ်ဆေးမှုကြမ်းပြီး လူငယ်များမကြာခဏ ဖမ်းဆီးခံရလေ့ရှိသည့် ကရင်ပြည်နယ်၊ ဘားအံမြို့သံလွင်တံတားစစ်ဆေးရေးဂိတ်တွင် ယနေ့ ဇူလိုင်လ ၃၁ ရက်နေ့ နံနက် ၆နာရီ ၄၀ အချိန်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

အဆိုပါ ပေါက်ကွဲမှုကြောင့် စစ်ဆေးရေးပြုလုပ်နေသည့် စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင် အချို့ထိခိုက်မှုရှိသည်ဟုသိရပြီး ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာတွင် အရေးပေါ်ကယ်ဆယ်ရေး ကားများလည်း သွားလာနေသည်ဟု ဆိုသည်။

 

လက်ရှိအချိန်တွင် သံလွင်တံတား ဖြတ်သန်းသွားလာမှုကို စစ်ကောင်စီဘက်မှ ပိတ်ထားလိုက်ကာ စစ်ဆေးမှုများလုပ်ဆောင်လျက်ရှိသည်။

 

သံလွင်တံတားပေါ်တွင် ဖမ်းဆီးစစ်ဆေးမှုများနှင့်ပတ်သက်၍ နာမည်ကြီးသည့် စစ်ဆေးရေးဂိတ်တစ်ခုဖြစ်သလို တံတားပေါ်တွင် ဖြတ်သန်းသွားလာသည့် ပြည်သူလူထုယာဉ်များအားလုံးကို ယာဉ်ပေါ်မှ ဆင်းခိုင်းကာ မှတ်ပုံတင်နှင့်လက်ကိုင်ဖုန်းထဲရှိ အချက်အလက်များကို စစ်ဆေးလေ့ရှိသည့် ဂိတ်တစ်ခုလည်းဖြစ်ကြောင်း သိရသည်။