သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

Facebook ပေါ်မှ တစ်ဆင့် မြေကွက်ရောင်းချမှုများ တရားမဝင်ကြောင်း ထုတ်ပြန်

Facebook ပေါ်မှ တစ်ဆင့် မြေကွက်ရောင်းချမှုများ တရားမဝင်ကြောင်း ထုတ်ပြန်

Hsan Loi Editor
20/07/2023
Share:

 

တောင်ကြီးမြို့နယ်အတွင်း ရှိမြေယာများ ခွင့်ပြုချက်တစ်စုံတစ်ရာမရှိပဲ facebook ပေါ်မှ တစ်ဆင့်ရောင်းချခြင်းသည် တည်ဆဲဥပဒေနည်းလမ်းများအတိုင်းဆောင်ရွက်ထားခြင်းမရှိသဖြင့် တရားမဝင်ကြောင်း စစ်ကောင်စီလက်အောက်ခံ တောင်ကြီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဇူလိုင် ၁၈ က အသိပေးကြေညာစာ ထုတ်ပြန်ထားသည်။

“ မြေကွက်တွေက အရောင်းအဝယ် နားထားကြတာတစ် လကျော်ပြီပဲ ၊ ဥပဒေကသူတို့လက်ထဲမှာဆိုတော့ လုပ် ကိုင်ရတာကျပ်လာတာပေါ့” ဟု တောင်ကြီးမြို့အိမ်ခြံမြေအကျိုးဆောင်တစ်ဦးကပြောသည်။

တောင်ကြီးမြို့နယ်အတွင်းရှိမြေများအား ခွင့်ပြုချက်မရှိပဲ facebook online media များမှတစ်ဆင့် ရောင်းချနေမှုများအပေါ် ဝယ်ယူပါကသတ်မှတ်ထားသည့် တည်ဆဲဥပဒေနည်းလမ်းများအတိုင်း ဆောင်ရွက်ထားခြင်းမရှိသဖြင့် နောင်တစ်ချိန်၌ ပြည်သူများအနေဖြင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ် လာနိုင်ကြောင်းနှင့် မြေယာလုပ်ပိုင်ခွင့် ပိုင်ဆိုင်ခွင့်ရရှိထားသူများအနေဖြင့် မြေယာဥပဒေနှင့်အညီ ခွင့်ပြုချက်ရရှိရေး တင်ပြဆောင်ရွက်ပြီး ခွင့်ပြုချက်ရရှိမှသာ လုပ်ကိုင်ဆောင်ရွက်သွားရန် နှင့်လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေ နှင့်အညီ အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

တောင်ကြီးမြို့နယ်အတွင်း အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေ၊ လယ်ယာမြေ ၊ မြေလွတ်မြေရိုင်း ၊ ကျန်အခြားမြေ သစ်တောမြေများ၌ ခွင့်ပြုချက် တစ်စုံတစ်ရာမရှိပဲမြေကွက်ဖော်ထုတ်ရောင်းချခြင်း ၊ ကျောက်တိုင်စိုက်ထူခြင်း ၊ အုတ်တံတိုင်းကာရံခြင်း ၊ အဆောက်အဦးဆောက်လုပ်ခြင်းများကို တားမြစ်သည့် အသိပေးကြေညာစာကို စစ်ကောင်စီက ဇွန်လမှစတင်ထုတ်ပြန်ခဲ့သည်။

ယင်းသို့သတိ ပေးစာများထုတ်ပြန်ပြီးနောက် ဖာမွန်းကျေးရွာအုပ်စုအတွင်းနေထိုင်သည့် လူနေအိမ်တော် တော်များများဖယ်ရှား ဖျက်ပေးခဲ့ရကြောင်း တောင်ကြီးမြို့ခံများထံမှ သိရှိရပါသည်။