နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

အောင်ပန်း-တောင်ကြီးသွားလမ်းတွင် ရက်ပိုင်းအတွင်း ယာဥ် မတော်တဆမှုများဆက်တိုက်ဖြစ်ပွား 

အောင်ပန်း-တောင်ကြီးသွားလမ်းတွင် ရက်ပိုင်းအတွင်း ယာဥ် မတော်တဆမှုများဆက်တိုက်ဖြစ်ပွား 

Hsan Loi Editor
18/07/2023
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်း-တောင်ကြီးသွားလမ်းမပေါ်တွင် ယခုရက်ပိုင်းအတွင်း ယာဥ်မတော်တဆမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်းသိရသည်။

 

ဇူလိုင် ၁၇ ရက်နေ့က အောင်ပန်း-တောင်ကြီးသွားလမ်း သာမိုင်းခမ်းယူကလစ်တန်းအနီးလမ်းမ၌ ထော်လာဂျီ နှင့် ကားတိုက်မှုဖြစ်ပွားခဲ့ပြီး ရွာသစ်ရပ်ကွက် Happy city ရှေ့လမ်းတွင် ဆိုင်ကယ်မတော်တဆမှုဖြစ်ပွားခဲ့ကာ တစ်ရက်ထဲယာဥ်မတော်တဆမှု ၂ ခုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

၄င်းယာဥ်မတော်ဆစ ဖြစ်ပွားမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများကို အောင်ပန်းနာရေးကူညီမှုအသင်းကအောင် ပန်းဆေးရုံ အရေးပေါ်ဌာနသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

“ လမ်းကောင်းတယ်ဆိုပြီးအရှိန်မလျှော့ကြတာလေ အရမ်းမောင်းတယ် နေ့ရော ညပါတိုက်တယ် နာ/ကူအ သင်းလဲ လက်မလည်တော့ဘူး ၊ ဖြည်းဖြည်းမောင်းကြပါ” ဟု အောင်ပန်းဒေသခံ တစ်ဦးကသတိပေးပြောဆိုသည်။

 

ဇူလိုင် ၁၅ ည ၁၀ နာရီကလည်းအောင်ပန်း-တောင်ကြီးသွားလမ်း ပစ္စုပ္ပန်ကျောင်းအနီးတွင် ကားပျက်၍ ရပ်တန့်ထားသော တွဲကားအားမမြင်ပဲ ကားနောက်ပိုင်းသို့ ဆိုင်ကယ်မှ ဝင်တိုက်မိရာ ဆိုင်ကယ်မောင်းနှင်သူပွဲချင်းပြီး သေဆုံးခဲ့သည်။

Photo credit အောင်ပန်း နာ/ကူ