နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ယမန်နေ့က သျှမ်းပြည်နယ်မြောက်ပိုင်းရှိ လားရှိုးမြို့နှင့် သီပေါမြို့ တို့၌ လူ(၂)ဦးသေဆုံးမှုဖြစ်ပွားခဲ့

ယမန်နေ့က သျှမ်းပြည်နယ်မြောက်ပိုင်းရှိ လားရှိုးမြို့နှင့် သီပေါမြို့ တို့၌ လူ(၂)ဦးသေဆုံးမှုဖြစ်ပွားခဲ့

Hsan Loi Editor
17/07/2023
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် လွိုင်လွမ့်ကျေးရွာရှိ ဘောလုံးကွင်းအတွင်းတွင် အိမ်ခြေရာမဲ့အမျိုးသားတစ်ဦး သေဆုံးနေသည်ကို ဇူလိုင်လ (၁၆)ရက်နေ့က တွေ့ရှိခဲ့ရကြောင်း သိရသည်။ သေဆုံးသူအမျိုးသားသည် ပြင်ဦးလွင်မြို့တွင် နေထိုင်သူဖြစ်ပြီး ၎င်းအလောင်းအား လားရှိုးလူငယ်များ လူမှုကူညီရေးအဖွဲ့က လားရှိုးပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့သည်။

 

အလားတူ သျှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် စေ◌ျးရပ်ကွက် နမ့်ပေါ့ချောင်းရှိ ချုံပုတ်တစ်ခုအတွင်း အမျိုးသားတစ်ဦး သေဆုံးနေသည်ကို ယမန်နေ့ည (၇)နာရီခန့်က တွေ့ရှိခဲ့ကြောင်း သိရသည်။ သေဆုံးသူသည် သီပေါမြို့နယ် နမ့်ရမ်းကျေးရွာတွင် နေထိုင်သူ စောပီယ ဆိုသူဖြစ်ကြောင်း သတင်းရရှိသည်။ မည်သည့်အတွက်ကြောင့် သေဆုံးသည်ကို မသိရသေးပါ။