နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ဒရုန်းတပ်ဖွဲ့ဖြင့် တိုက်ပွဲဝင်ခဲ့သည့် သျှမ်းတောင်ဒေသကာကွယ်ရေးတပ်ဖွဲ့

ဒရုန်းတပ်ဖွဲ့ဖြင့် တိုက်ပွဲဝင်ခဲ့သည့် သျှမ်းတောင်ဒေသကာကွယ်ရေးတပ်ဖွဲ့

Hsan Loi Editor
15/07/2023
Share:

 

သျှမ်းပြည်နယ်(တောင်ပိုင်း)၊ဖယ်ခုံမြို့နယ်၊ခေါင်းအိကျေးရွာနှင့်စက်တော်ကျေးရွာတို့တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့များအား Drone Mission ဖြင့်ပါဝင် တိုက် ခိုက်ခဲ့ကြောင်း Southern Shan Drone Force – SSDF အဖွဲ့က ဇွန်လိုင် ၁၄ ကထုတ်ပြန်ထားသည် ။

စစ်ကောင်စီနှင့် S.S.D.F Drone တပ်အပါအဝင် ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်များ ၂၄ ရက်ကြာတိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည် ။

ဇွန်လနှင့်ဇူလိုင်လအတွင်း S.S.D.F Drone ၊ PK PDF (1002) ၊ Loikaw PDF ၊ KRU ၊ ရှမ်းတောင်တပ်ပေါင်းစုအဖွဲ့ (1003 ၊ 1005 ၊ 1008 ၊ 1009) ၊ SSLRU ၊ N.P.T ( ပကဖ ) ပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့မှုဖြစ်ပွားခဲ့သည်မှာ (၁၃)ကြိမ် ရှိပြီး တိုက်ပွဲအတွင်းစစ်ကောင်စီဖက်မှ (၁၉) ဦး (တိကျသောစာရင်းအရ) ​သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူအများအပြားရှိကြောင်း ထုတ်ပြန်ချက်အရသိရသည် ။

၄င်းအပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော်ဘက်မှ ရဲဘော်(၁)ဦး ကျဆုံးခဲ့ပြီး ရဲဘော်အချို့ ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိခဲ့သည်။တိုက်ပွဲအတွင်း စစ်ကောင်စီထံမှ စက်လက်(ငါးကြင်းမြီး) (၁)လက်၊ MA 3 (၁)လက် ၊ (၁၈)မိုင်း (၁)လုံးနှင့် ကျည်ခဲယမ်းများရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည် ။