သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

ဆက်ကြေးလာကောက်သော TNLA တပ်သား (၂) ဦး မူဆယ်မြို့နယ် နမ့်တောင်းရွာတွင် ပစ်ခတ်ခံရပြီး (၁) ဦးသေဆုံး တစ်ဦးပြင်းထန်စွာ ဒဏ်ရာရရှိ

ဆက်ကြေးလာကောက်သော TNLA တပ်သား (၂) ဦး မူဆယ်မြို့နယ် နမ့်တောင်းရွာတွင် ပစ်ခတ်ခံရပြီး (၁) ဦးသေဆုံး တစ်ဦးပြင်းထန်စွာ ဒဏ်ရာရရှိ

Hsan Loi Editor
12/07/2023
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် ၁၀၅ မိုင်နှင့် ပန်ဆိုင်း (ကြူကုတ်) ကြားရှိ နမ့်တောင်းရွာတွင် ဇူလိုင်လ (၁၁) ရက်နေ့ နံနက် (၁၀) ဝန်းကျင်ခန့်တွင် အဆိုပါနေရာ၌ ဆက်ကြေးလာကောက်သော TNLA တပ်သား (၂) ဦး အမည်မသိအဖွဲ့၏ ပစ်ခတ်မှုကြောင့် (၁) ဦး သေဆုံးပြီး (၁) ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“TNLA စစ်သားတွေ ပစ်ခတ်ခံရပြီးသေဆုံးတာတော့ ဟုတ်တယ်။ မနေ့က နမ့်တောင်းရွာမှာ ပစ်ခံရပြီး အဲ့နေရာမှာပဲ သူတို့အလောင်းတွေ ကျန်နေခဲ့တာ။ စစ်ကောင်စီတပ်သားတွေ လာတဲ့အချိန်နဲ့ သူတို့က အဲ့နေရာမှာ ကားတွေကို စောင့်ပြီး ငွေကောက်နေတဲ့အချိန်တိုက်ပြီး ပစ်ခံရတယ်လို့ပဲထင်တယ်။ အဲ့နားမှာ သူတို့က နေ့တိုင်းလိုလိုလာပြီး ကားတွေကို အခွန်ကောက်နေကျလေနော်။” ဟု မူဆယ်မြို့နယ်အတွင်းရှိ ဒေသခံတစ်ဦးက ပြောပြသည်။

အလားတူ နမ့်တောင်းဒေသခံတစ်ဦးကလည်း “သူတို့က ဒီမှာ အခွန်လာကောက်နေတာ တစ်လကျော်လောက်ရှိနေပြီလေ။ ပြီးတော့ ဒီနားမှာ ကချင်အဖွဲ့တွေလည်းရှိတော့ စစ်ဖြစ်မှာပဲ စိုးရိမ်နေရတာပါ။ အခုလာပစ်သွားတာကတော့ ၁၀၅ မိုင်ကနေ လာတဲ့ ကျောက်တင်တဲ့ကားပေါ်ကနေ ပစ်သွားတာ။ ဘယ်အဖွဲ့ကလည်းဆိုတာတော့ မသိရဘူး” ပြောပြသည်။

ပစ်ခတ်ခံရပြီး သေဆုံးသွားသော TNLA တပ်သားအလောင်းအား ဆိုင်ကယ်ဖြင့် လာရောက်တင်ဆောင်သွားခဲ့ကြောင်း သိရသည်။

ဒါ့အပြင် သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ် နမ့်တွေကျေးရွာအနီးတွင်လည်း ယမန်နေ့ ဇူလိုင်လ (၁၁) ရက်နေ့က TNLA အဖွဲ့နှင့် စစ်ကောင်စီတပ်တို့ (၃) နာရီကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။