နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ပင်လုံမြို့နယ် စနင်းဒေသအတွင်း ပိတ်ထားရသည့် သျှမ်းအမျိုးသားကျောင်း (၆၀) ကျော်ရှိနေပြီး ဒေသခံသျှမ်းကလေးငယ်များ ပညာသင်ယူခွင့်ဆုံးရှုံးနေ

ပင်လုံမြို့နယ် စနင်းဒေသအတွင်း ပိတ်ထားရသည့် သျှမ်းအမျိုးသားကျောင်း (၆၀) ကျော်ရှိနေပြီး ဒေသခံသျှမ်းကလေးငယ်များ ပညာသင်ယူခွင့်ဆုံးရှုံးနေ

Hsan Loi Editor
08/07/2023
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့နယ် ပင်လုံ-မိုင်းကိုင်ကြားရှိ စနင်းဒေသအတွင်းက ပန်ဟူ၊ မိုင်းလင်း၊ စနင်းစသည့် ကျေးရွာအုပ်စုနှင့်အနီးအနားရှိ သျှမ်းအမျိုးသားကျောင်းများ ယနေ့အထိ ပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိသေးကြောင်း သတင်းရရှိသည်။

စနင်းဒေသတစ်ခုအတွင်း ပိတ်ထားရသည့် သျှမ်းအမျိုးသား စာသင်ကျောင်း (၆၀) ကျောင်းကျော်ခန့်ရှိသည်။ အချို့ကျောင်းများအား သံဃာတော်များက ထိန်းသိမ်းထားသော်လည်း စာသင်ကြားနိုင်ခြင်းတော့ မရှိသေးပါ။

“၂၀၂၀ ကိုဗစ်စဖြစ်တုန်းကတော့ ကျောင်းတွေက ဖွင့်နိုင်သေးတယ်။ မြို့တွေဘက်မှာဆိုရင် ကိုဗစ်ကြောင့် ပိတ်လိုက်ရတယ်ဆိုရင်တောင် ရွာတွေဘက်မှာတော့ ဆက်ပြီး သင်ကြားနိုင်ခဲ့သေးတယ်။ ဒေသအတွင်းရှိ ကလေးငယ်တွေက ဒီကျောင်းတွေကိုပဲ အားကိုးပြီးတော့ စာသင်ကြရတာပါ။ မြို့မှာသွားထားဖို့လည်း ငွေကြေးအခက်အခဲကြောင့် သူတို့မတတ်နိုင်ကြဘူး။ ဒီကျောင်းတွေကတော့ အခမဲ့ပဲသင်ကြားပေးတယ် ဆရာ/မ တွေဆိုရင်လည်း စေတနာထားပြီး လာရောက်ကူညီသင်ကြားပေးတဲ့သူတွေဖြစ်တာပေါ့လေ။

နောက်ပိုင်း မြောက်ပိုင်းမဟာမိတ်နဲ့ RCSS တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး ဒီကျောင်းတွေလည်း ပိတ်လိုက်ရတယ်။ ပြီးတော့ ဒီကျောင်းတွေကို RCSS က အဓိက ကူညီထောက်ပံ့ထားတာဖြစ်တော့ ဒီကျောင်းတွေမှာ သင်ကြားနေတဲ့ ဆရာ/မတွေလည်း မနေရဲတော့ဘဲ ထွက်ပြေးကုန်ကြရတာပေါ့။ အခုဆိုရင် ကလေးတွေ စာမသင်ရတာ သုံးနှစ်ရှိနေပြီ။ တချို့ကလေးတွေတော့ ပရဟိတကျောင်းတွေဆီကို သွားပြီး သင်ကြတာပေါ့။ ဒါပေမယ့် တော်တော်များများကတော့ စာမသင်ရတော့ဘူး။” ဟု အဆိုပါဒေသတွင် နေထိုင်သူတစ်ဦးက ပြောပြသည်။

အဆိုပါကျောင်းများတွင် သျှမ်းစာကို အဓိကထားသင်ကြားပြီး လက်လှမ်းမီသော သင်ရိုးညွှန်းတမ်းများအား ယူဆောင်သင်ကြားခြင်းဖြစ်သည်။ တိုင်းရင်းသားတပ်အချင်းချင်း၏ ပဋိပက္ခကြားမှ ကျေးလက်ဒေသက သျှမ်းကလေးများ၏ ပညာရေးကတော့ ဆုံးရှုံးနေဆဲဖြစ်ပြီး မျှော်လင့်ချက်မဲ့နေကြောင်း ဝမ်းနည်းစွာ သိရှိရပါသည်။