နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

TNLA က ပြန်ပြေးဆွဲထားသော ကျောက်မဲမြို့မှ သျှမ်းရွာသား ၃ ဦးကို ၁ လကျော်သည်အထိ ပြန်မလွှတ်ပေးသေး

TNLA က ပြန်ပြေးဆွဲထားသော ကျောက်မဲမြို့မှ သျှမ်းရွာသား ၃ ဦးကို ၁ လကျော်သည်အထိ ပြန်မလွှတ်ပေးသေး

Hsan Loi Editor
08/07/2023
Share:

 

TNLA ပလောင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က ၁ လကျော် ပြန်ပြေးဆွဲထားသော သျှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် မန်ခါ ကျေးရွာအုပ်စုမှ သျှမ်းရွာသား ၃ ဦးဖြစ်သည့် ခိင်းစိုင်းမောင်/ စိုင်းသန်းမောင် (ဟဲပုကျေးရွာ)၊ စိုင်းအောင်ခင် (ဟဲပုကျေးရွာ)၊ စိုင်းထွန်းမောင် (မန်ခါမန်ကျောင်းရွာမကြီးနေ ဆန်စက်ပိုင်ရှင်) တို့ကို ယနေ့ထိ ပြန်လွှတ်ပေးခြင်းမရှိကြောင်း သတင်းရရှိပါသည်။

 

ကျောက်မဲမြို့နယ် မန်ခါ ကျေးရွာအုပ်စုထဲသို့ မေလ ၂၈ ရက်နေ့က ဝင်ရောက်လာကြပြီး သျှမ်းရွာသား ၄ ဦးဖြစ်သည့် ခိင်းစိုင်းမောင်/ စိုင်းသန်းမောင် (ဟဲပုကျေးရွာ)၊ စိုင်းအောင်ခင် (ဟဲပုကျေးရွာ)၊ စိုင်းထွန်းမောင် (မန်ခါမန်ကျောင်းရွာမကြီးနေ)၊ စိုင်းဆာထွန်း (မန်ဝိန်းကျေးရွာ) တို့ကို TNLA အဖွဲ့ဝင်အချို့က ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း အမည်မဖော်လိုကြသည့် ရွာခံအချို့က ပြောပါသည်။

 

မန်ခါမန်ကျောင်းရွာမှ ရွာလူကြီးအချို့ သွားရောက် ညှိနှိုင်းပြီးနောက် စိုင်းဆာထွန်းကိုသာ ပြန်လွတ်ပေးလိုက်ပြီး ကျန် ၃ ဦးကို TNLA က လွတ်ပေးခြင်းမရှိပဲ ဟူးကွက်ရွာ သျှမ်းရွာပျက်ဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုပြောဆိုကြောင်း ကြားသိရသည်။

 

TNLA အဖွဲ့မှ ဟူးကွက်ရွာအထိုင် သိန်းရွှေ အမည်ရသူက ၎င်းတို့မိသားစုဝင်များထံ ရံဖန်ရံခါဖုန်းဆက်လာသည်ဟု ပြောပါသည်။

 

၎င်းတို့သည် အိမ်ထောင်သည်များ သားသမီးများ ရှိနေကြသူများ၊ ရပ်ရွာလူငယ်အရေး ဆောင်ရွက်နေသူများဖြစ်ပြီး မူးယစ်ဆေးဝါးသုံးစွဲခြင်း ရောင်းဝယ်ဖောက်ကားခြင်းနှင့်ပါတ်သက်၍ မရှိကြောင်း ပြောပါသည်။