နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

တာကော်တံတား စစ်ဆေးရေးဂိတ်တွင်လားရှိုးသို့ ပို့ဆောင်မည့် လက်နက်/ ခဲယမ်းများ ဖမ်းဆီးရမိဟုဆို

တာကော်တံတား စစ်ဆေးရေးဂိတ်တွင်လားရှိုးသို့ ပို့ဆောင်မည့် လက်နက်/ ခဲယမ်းများ ဖမ်းဆီးရမိဟုဆို

Hsan Loi Editor
06/07/2023
Share:

 

တာကော်တံတားစစ်ဆေးရေးဂိတ်တွင် ဇွန်လိုင် ၅ ရက် (ယမနေ့ည) ၇ နာရီခန့်က WISH ကားတစ်စီးပေါ်တွင် လက်နက်/ ခဲယမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီ သတင်းချာနယ်ကဖော်ပြထားသည်။

၄င်းစစ်ဆေးရေးဂိတ်တွင် မော်တော်ယာဉ်များအား ရှာဖွေစစ်ဆေးနေစဉ် တာချီလိတ်မှ လားရှိုးသို့ မောင်းနှင်လာသော WISH/အဖြူရောင် (လိုင်စင်မဲ့) ယာဉ်ပေါ်တွင် လက်နက်/ ခဲယမ်းများနှင့်အတူ ယာဉ်မောင်းအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရေးသားထားသည်။

ဖမ်းဆီးရမိလက်နက်များမှာ – တရုတ်နိုင်ငံထုတ် စက်လက် ၅ လက်၊ Type-81-1 မောင်းပြန်ရိုင်ဖယ် ၄ လက်၊ တူရကီ နိုင်ငံထုတ် MK– 12 Buffer Bolt System ၁ လက်၊ ဂျာမနီနိုင်ငံထုတ် HK-MP-5 သေ နတ် ၁ လတ်၊ အီတလီနိုင်ငံထုတ် Pletro Berella ပစ္စတို ၁ လက်၊ ကျည် ၁၂၅ တောင့်၊ ကျည်အိမ်မျိုးစုံ ၁၅ ခု၊ စက်လက်ကျည်ခါးပတ်တွဲ ၄ ခုနှင့် လွယ်ကြိုး ၁ ချောင်းတို့ဖမ်းဆီးရမိခဲ့ကြောင်း ဖော် ပြထားသည်။