တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

တောင်ကြီးတွင် သူခိုးက ဓါးဖြင့်ထိုး၍ အိမ်ရှင်အမျိုး သမီးသုံးဦး ဒဏ်ရာရ 

တောင်ကြီးတွင် သူခိုးက ဓါးဖြင့်ထိုး၍ အိမ်ရှင်အမျိုး သမီးသုံးဦး ဒဏ်ရာရ 

Hsan Loi Editor
01/07/2023
Share:

 

တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်၊သစ်ခွလမ်း ရှိနေအိမ်တစ်အိမ်ကို ဇွန်လ ၃၀ ရက် နေ့လည်ခင်းက ဝင်ရောက်ဖောက်ထွင်း နေသည့်သူခိုးအား အိမ်ရှင်များမှ ဝိုင်းဝန်း ဖမ်းဆီးခဲ့ရာ သူခိုးကဓါးဖြင့်ထိုး၍ အိမ်ရှင်အမျိုးသမီးသုံးဦးဒဏ်ရာရခဲ့ကြောင်းသိရသည်။

 

“ အိမ်ရှင်တွေဝိုင်းဖမ်းတာ ထိသွားတာက အမေနဲ့ သမီး ၂ ယောက်ပေါ့သူခိုးကဓါးနဲ့ ပြန်ထိုးတာလို့သိရတယ် ၊ သေ ဆုံးတာတော့မရှိဘူး ၊ ဓါးဒဏ်ရာတွေရကြတာပေါ့ သူခိုးကို ရပ်ကွက်ကလူတွေ ဝိုင်းဖမ်းတော့မိသွားတယ်လေ” ဟု ကံကြီးတွင်စျေးရောင်းနေသည့် စျေးသည်တစ်ဦးကပြောသည်။

 

အဆိုပါ ဖောက်ထွင်း ခိုးယူသူသည် အသက် ၂၀ ဝန်း ကျင်အရွယ်အမျိုးသားတစ်ဦးဖြစ်ပြီး လက်ရှိသက် ဆိုင်ရာကဖမ်းဆီးသွားကြောင်း သိရသည်။

 

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်တွင် နေအိမ်တစ်လုံးဖောက်ထွင်းခံရပြီး တန်ဖိုးရှိပစ္စည်းများ ခိုးယူခံလိုက်ရသလို ကျောင်းကြီးစု အနောက်မြို့ပတ်လမ်းရှိဆိုင်ခန်းတစ်ချို့၏ တံခါးကို ဓါးဖြင့်ခွဲ၍ ဆိုင်ရှိ ပစ္စည်းများယူဆောင်သွားကြောင်း သိရသည်။