နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ဖောက်ခွဲခံရသည့်တံတားအား လာစစ်သော စစ်ကောင်စီအဖွဲ့ဝင်များ ဒရုန်းဖြင့်တိုက်ခိုက်ခံရ၍ သေဆုံးမှုရှိ

ဖောက်ခွဲခံရသည့်တံတားအား လာစစ်သော စစ်ကောင်စီအဖွဲ့ဝင်များ ဒရုန်းဖြင့်တိုက်ခိုက်ခံရ၍ သေဆုံးမှုရှိ

Hsan Loi Editor
30/06/2023
Share:

 

ယမန်နေ့ (၂၉.၆. ၂၀၂၃) ရက်နေ့မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်က မိုင်းခွဲတိုက်ခိုက်ခံရသော တံတားကိုလာစစ်သည့်စစ်ကောင်စီအဖွဲ့ဝင်နှင့် ဝန်ထမ်းများ တိုက်ခိုက်ခံရပြီး သေဆုံးထိခိုက်မှုရှိခဲ့ကြောင်း သိရသည်။

 

ယမန်နေ့ညပိုင်းတွင် ဘီးလင်း-သထုံကြားက တံတားကို KNLA က မိုင်းခွဲတိုက်ခိုက်ခဲ့သည့်အတွက် တံတားအပျက်အစီး လာစစ်သောဝန်ထမ်းများနှင့် စစ်ကောင်စီအဖွဲ့ဝင်များကို ယနေ့နံနက် ၇ နာရီခွဲခန့်တွင် ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း KNLA နှင့်နီးစပ်သော သတင်းဌာနများက ဖော်ပြထားသည်။

 

လာရောက်ကြည့်ရှုသော မြို့နယ်ထွေအုပ်၊ ခရိုင်ရဲမှူး၊ ခရိုင်ဆောက်လုပ်ရေးအရာရှိများနှင့် စစ်ကောင်စီအဖွဲ့ဝင်များ အပါအဝင် ထိခိုက်ဒဏ်ရာရသူ ၅ ဦးခန့်ရှိပြီး ၂ ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။