တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ဗန်ကောက်ရှိ တရုတ်ထိပ်တန်းစီးပွားရေးသမား ၁ ဦးကို မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးစစ်ဆေးနေ 

ဗန်ကောက်ရှိ တရုတ်ထိပ်တန်းစီးပွားရေးသမား ၁ ဦးကို မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးစစ်ဆေးနေ 

Hsan Loi Editor
25/11/2022
Share:

 

တရုတ်လျို့ဝှက်ဒုစရိုက်အဖွဲ့အစည်းခေါင်းဆောင်နှင့် တရားမဝင်မူးယစ်ဆေးဝါးများ ကုန်သွယ်မှုဖြင့် စွဲချက်တင်ခံထားရသည့် Tuhao ၏အမူကို သုံးပတ်အတွင်း အပြီးသတ်တင်ပြနိုင်ရန် ထိုင်းရဲတပ်ဖွဲ့က မျော်လင့်ထားကြသည်။

 

Tuhao (Chaiyanat Kornchayanant) သည် မူးယစ်ဆေးဝါးနှင့် ပါတ်သက်ဆက်နွယ်နေသည့် စွဲချက်အားလုံးကို ဗုဒ္ဓဟူးနေ့ညက ပယ်ချခဲ့ကြောင်း နိုင်ငံတော် ရဲတပ်ဖွဲ့ ဒုရဲချုပ် Surachate Hakparn က ပြောပါသည်။

 

Tuhao (Mr. Chaiyanat) အနေနဲ့ တရားရုံးမှာ ကာကွယ်ပြောဆိုပိုင်ခွင့်ရှိတယ်။ ဒါပေမယ့် သူအာမခံလို့မရနိုင်မယ့် တိကျတဲ့သက်သေအထောက်အထားတွေကို ရဲတပ်ဖွဲ့က ရရှိထားပြီး ဖြစ်ပါတယ်ဟု ဒုရဲချုပ်က ပြောပါသည်။

 

Yannawa ရဲတပ်ဖွဲ့က (Mr. Chaiyanat) ကို ဗန်ကောက်တောင်ပိုင်း ပြစ်မှုဆိုင်ရာတရားရုံးသို့ ယမန်နေ့က ခေါ်ဆောင်သွားခဲ့ပြီး နောက်ထပ် ၁၂ ရက် ထိန်းသိမ်းခွင့်ရရန် တောင်းဆိုခဲ့သည်။ ရဲတပ်ဖွဲ့၏တင်ပြတောင်းဆိုချက်ကို တရားရုံးက အတည်ပြုပေးခဲ့ပြီး Tuhao (Mr. Chaiyanat) ၏ အာမခံချက်ဖြင့်လွတ်ပေးရန် တောင်းဆိုချက်ကို ငြင်းဆိုခဲ့သည်။ လေကြောင်းဖြင့် ထွက်ပြေးလွတ်မြောက်သွားနိုင်သည်ဟု ယူဆသောကြောင့်ဖြစ်သည်။ ၎င်းရှေ့နေက ဘတ် ၅ သန်းဖြင့် အာမခံရရန် တောင်းဆိုခဲ့သည်။ ယင်းနောက် Tuhao (Mr. Chaiyanat) သည် မူးယစ်ဆေးဝါးအသုံးပြုသူများ ပြုပြင်ထိန်းသိမ်းစောင့်ရှောက်ရေးဗဟိုဌာနသို့ ခေါ်ဆောင်သွားခြင်းခံလိုက်ရသည်။

 

ယင်းအပြင် Palang Pracharath ပါတီသည် Mr. Chaiyanat Kornchayanant ထံမှ အလှူငွေ ဘတ် ၃ သန်းလက်ခံခဲ့သည့် သက်သေအထောက်အထား သတင်းကြောင့် ပူလောင်နေပြန်သည်။ Mr. Chaiyanat Kornchayanant သည် စီးပွားရေးသမားတဦးဖြစ်ပြီး ၎င်း တရုတ်အမည်သည် Haozhe Du ဖြစ်သည်။

 

လွန်ခဲ့သော နှစ် ၂၀ ခန့်က ထိုင်းနိုင်ငံသို့ရောက်ရှိလာပြီး ထိုင်းအမျိုးသမီး ၁ ဦးနှင့် အိမ်ထောင်ပြုကာ ထိုင်းနိုင်ငံသား ရရှိခဲ့သူဖြစ်သည်။

 

ထိုင်းဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကာကွယ်စောင့်ရှောက်ရေးအသင်း၏ အထွေထွေအတွင်းရေးမှူး Srisuwan Janya ကလည်း ၎င်းကိစ္စနှင့်ပါတ်သက်၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်သွားရန် EC သို့ လျှောက်ထားပြန်သည်။ အကယ်၍ Mr. Chaiyanat သာ နိုင်ငံသားကဒ် ၂ မျိုးစလုံးကိုကိုင်ဆောင်ထားပါက Palang Pracharath ပါတီအနေနှင့် နိုင်ငံရေးပါတီဆိုင်ရာဥပဒေကိုချိုးဖောက်သည့်အတွက် ပါတီပယ်ဖျက်ခံရနိုင်ဖွယ်ရှိသည်ဟု ယူဆကြသည်။

 

Mr. Chaiyanat သည် ထိုင်းခရီးသွားလုပ်ငန်းနှင့်ပါတ်သက်၍ တရုတ်ထိပ်တန်း စီးပွားရေးသမား ၅ ဦးထဲမှ ၁ ဦးဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလက ထိုင်းရဲတပ်ဖွဲ့၏ ဝင်ရောက်စီးနှင်းမှုခံလိုက်ရသူဖြစ်သည်။ သူ၏ အမျိုးသမီးသည်လည်း ထိုင်းရဲတပ်ဖွဲ့မှ ရဲမှူး ၁ ဦးဖြစ်သကဲ့သို့ အငြိမ်းစားရဲချုပ် ၁ ဦး၏ တူမဖြစ်သည်။

 

ဗန်ကောက်မြို့တော်၊ ချွန်းပူရီ၊ ဖူးကစ်၊ စမွတ်ဆာခွန်း စသည့်မြို့များ၌ သူ၏စီးပွားရေးလုပ်ငန်းများစွာ လည်ပတ်လျက်ရှိသည်။ စီးပွားရေးဌာန စာရင်းဇယားအရ Chaiyanat သည် အိမ်ခြံမြေရောင်းဝယ်ရေးလုပ်ငန်း၊ ကျောက်မျက်ရတနာလုပ်ငန်း၊ အင်တာနက်ဆားဗစ်ကုမ္ပဏီနှင့် ဌက်သိုက် စီးပွားရေးလုပ်ငန်းများအပါအဝင် ကုမ္ပဏီ ၁၂ ခု၏ ဒါရိုက်တာ ဖြစ်သည်ဟုဆိုသည်။

 

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်

 

တရားမဝင်မူးယစ်ဆေးဝါးများ ကုန်ကူးမှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသော Tuhao တရုတ်စီးပွားရေးသမားသည် စစ်ဆေးမေးမြန်းမှုကို ဖြေကြားရန် ဗန်ကောက်မြို့တော် ရဲတပ်ဖွဲ့ထံသို့ ဗုဒ္ဓဟူးနေ့က ရောက်ရှိခဲ့ပါသည်။ သူ၏ထိုင်းအမည်မှာ Chaiyanat Kornchayanant ဖြစ်သည်။ နိုင်ငံတော် ရဲတပ်ဖွဲ့ ဒုရဲချုပ် Surachate Hakparn ၏ စစ်ဆေးမေးမြန်းမှုကို ဖြေကြားရန် ၎င်း၏ရှေ့နေနှင့်အတူ ဝိဖားဝဒီး လန်းဆစ်ရှိ ထိုင်းဘုရင့်ရဲတပ်ဖွဲ့ စပွတ်ကလပ်သို့ ရောက်လာခဲ့ပါသည်။

 

တရုတ်အမျိုးသားများအတွက် ဖွင့်ထားသော တရားမဝင်နိုက်ကလပ်နှင့် ဇိမ်ခံကားများကို ဖမ်းဆီး

 

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့ နံနက်အစောပိုင်းတွင် ထိုင်းရဲတပ်ဖွဲ့က တရုတ်လူမျိုးများ စုစည်းရာ Yannawa အရပ်ရှိ အဆောက်အဦး ၃ ခုရှိ နိုက်ကလပ်ကို ဝင်ရောက်စီးနှင်းခဲ့သည်။ အဆိုပါနိုက်ကလပ်အတွင်းမှ တရုတ်နိုင်ငံသား ၁၀၄ ဦးကို ဖမ်းဆီးထိန်းသိမ်းပြီး မူးယစ်ဆေးဝါးနှင့်ပါတ်သက်ဆက်နွယ်မှု ရှိမရှိ စစ်ဆေးဖော်ထုတ်ရာ ၉၉% ရာခိုင်နှုန်းက မူးယစ်ဆေးဝါးသုံးစွဲထားသည်ကိုတွေ့ရှိခဲ့သည်။

 

မြေအောက်ခန်းတွင် တွေ့ရှိခဲ့သော ဇိမ်ခံကား ၃၄ စီးကိုလည်း ရဲတပ်ဖွဲ့က သက်သေအဖြစ်သိမ်းဆည်းခဲ့သည်။ ယင်းနိုက်ကလပ်ကို တရုတ်နိုင်ငံသားတဦးက ဖွင့်လစ်ထားခြင်းဖြစ်သည်ဟု ဆိုသည်။ ဘန်ကောက်မြို့တော်၊ ဆာထွန်းမြို့နယ်၊ Yannawa ရပ်၊ Charoen Rat လမ်းရှိ Jinling ၊ Leela နှင့် Wip Wup ကားရေဆေးသည့် အဆောက်အဦး ၃ လုံးကို ရဲတပ်ဖွဲ့ ၁၀၀ ကျော်က နံနက် ၃း၃၀ ခန့်တွင် ဝင်ရောက်စီးနှင်းလိုက်ခြင်းဖြစ်သည်။

 

မြို့တော်ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ခေါင်းဆောင် ရဲချုပ် Theeradet Thamsuthee ထုတ်ဖော်ပြောဆိုချက်အရ တရုတ်ခရီးသွားများကို ဖျော်ဖြေဧည့်ခံရန် ယင်းအဆောက်အဦးတို့၌ ကာရာအိုကေ၊ ဘား၊ မူးယစ်ဆေးဝါးပါတီနှင့် လောင်းကစားဝိုင်းများ တရားမဝင် ဖွင့်လစ်ထားကြောင်းနှင့် သတင်းပေးတိုင်ကြားမှုကြောင့် ဝင်ရောက်စီးနင်းခဲ့ရခြင်း ဖြစ်သည်ဟုဆိုသည်။

 

အဆောက်အအုံဥပစာအတွင်းသို့ ရဲတပ်ဖွဲ့ဝင်များဝင်ရောက်သွားချိန်တွင် ဧည့်သည်များနှင့် ဝန်ထမ်းများသည် မီးဖိုချောင်များ၊ ရေချိုးခန်းများနှင့် အခန်းထောင့်တို့တွင် ရုတ်တရက် သွားရောက်ပုန်းအောင်းနေခဲ့ကြသည်။

 

တရုတ်နိုင်ငံသား ၂၃၇ ဦး (အမျိုးသား ၁၁၁ ဦး၊ အမျိုးသမီး ၁၂၆ ဦး) ကို မြို့တော်ရဲတပ်ဖွဲ့က ထိန်းသိမ်းခဲ့သည်။ အလုပ်သမားသမားအဖြစ် ဝင်ရောက်လုပ်ကိုင်နေသော ထိုင်း၊ လူမျိုးစု၊ ဂျော်ဂျီယန်၊ ကမ္ဘောဒီးယားနှင့် ဗွီယက်နမ်စသည့် ၂၉ ဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

 

ရဲချုပ် Theeradet Thamsuthee ထုတ်ဖော်ပြောဆိုချက်အရ ဧည့်သည်အားလုံးနှင့် ဆိုင်ဝန်ထမ်းများအားလုံးကို မူးယစ်ဆေးဝါးသုံးစွဲထားခြင်း ရှိ မရှိ ဆီးစစ်ခဲ့သည်ဟု ဆိုသည်။ အဆောက်အဦးတဝိုက်နှင့် အခန်းများအတွင်း happy water နှင့် ခေးတမင်းမူးယစ်ဆေးဝါး အထုပ်ကလေးများ အနည်းဆုံး အထုပ် ၃၀၀ ခန့်ရှာဖွေတွေ့ရှိခဲ့သည်ဟုဆိုသည်။

 

ဖမ်းဆီးထိန်းသိမ်းထားသူများထဲမှ ၁၀၄ ဦးသည် (အမျိုးသား ၅၀၊ အမျိုးသမီး ၅၄ ဦး) မူးယစ်ဆေးဝါးသုံးစွဲထားကြောင်း စစ်ဆေးဖော်ထုတ်တွေ့ရှိရသည်ဟု ရဲချုပ်က ပြောသည်။ တရုတ်နိုင်ငံသား ၉၉ ဦး (အမျိုးသမီး ၅၁ ဦးနှင့် အမျိုးသမီး ၄၈ ဦး) ၊ ထိုင်းအမျိုးသမီး ၃ ဦး၊ ထိုင်းအမျိုးသား ၁ ဦးနှင့် ကမ္ဘောဒီးယား အမျိုးသား ၁ ဦးတို့ ဖြစ်သည်ဟု ဆိုသည်။

 

Rolls Royce ကားအမျိုးအစား အပါအဝင် ဇိမ်ခံကား ၃၄ စီးကို ကနဦး သိမ်းဆည်းရမိသကဲ့သို့ ဖျော်ဖြေရေးဆိုင်ပိုင်ရှင်အနေနှင့် တရားမဝင်မူးယစ်ဆေးဝါး၊ ငွေမည်းကို ငွေဖြူဖြစ်အောင် ခဝါချထားခြင်း ရှိ မရှိ ဆက်လက် စစ်ဆေးဖော်ထုတ်သွားမည်ဟု ပြောပါသည်။

 

မူးယစ်ဆေးဝါးသုံးစွဲခြင်းမရှိကြောင်း တွေ့ရှိသည့် ပုဂ္ဂိုလ်များကိုမူ ထိုင်းလဝကဘက်သို့ ဆက်လက်လွဲပြောင်းအပ်နှံခဲ့သည်။

 

ဒုရဲချုပ် Nitithorn Jintakanon ထုတ်ဖော်ပြောပြချက်အရ ယင်းမူးယစ်ဆေးဝါးများကို ၁ ထုပ်လျှင် ဘတ် ၁ သောင်းဖြင့် ဧည့်သည်များကို ရောင်းချပေးကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု ပြောပါသည်။

 

အဓိကအားဖြင့် တရုတ်ခရီးသွားဧည့်သည်များကိုသာ ဧည့်ခံဖျော်ဖြေရန် ထို နိုက်ကလပ်နှင့် ဘားကို ဖွင့်လစ်ထားသည်မှာ ၄ လခန့်ရှိပြီဖြစ်ကြောင်း ရဲတဦးကလည်း ပြောပါသည်။ ထိုင်းနိုင်ငံသားနှင့် ကမ္ဘောဒီးယားနိုင်ငံသားများက အလုပ်သမားများအဖြစ် လုပ်ကိုင်ကြပြီး အချို့က တရုတ်ခရီးသွားဧည့်သည်များအတွက်သာ လုပ်ကိုင်ကြသည်။ ယင်းနိုက်ကလပ်နှင့် ဘားပိုင်ရှင်သည် တရုတ်နိုင်ငံသား Tuhao (Chaiyanat Kornchayanant) ဖြစ်နေသည်။

 

ယင်း နိုက်ကလပ်ကို Yannawa ရဲတပ်ဖွဲ့၏ တရားဥပဒေစိုးမိုးရေးနယ်မြေအတွင်း ဖွင့်လစ်ထားခြင်းဖြစ်သည်။

 

Ref: Bangkok Post, The Nation

 

#HsanLoiVoice

https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=

https://hsanloivoice.org/