မကွေးတိုင်းဒေသကြီးအတွင်း PDF တပ်ရင်း(၅)ခုအား လက်နက်တပ်ဆင်ပေးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ဇွန်လ (၂၄)ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
၂၀၂၃ ခုနှစ် ဇွန်လ (၂၃) ရက်နေ့တွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ PDF စုဖွဲ့၊ လေ့ကျင့်၊ လက်နက်တပ်ဆင်မှု သင်တန်းအပတ်စဉ်(၆) သင်တန်းဆင်းပွဲတွင် တပ်ရင်း(၅)ရင်းအတွက် လက်နက်တပ်ဆင်ပေးခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။
