သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

ကယား (ကရင်နီ) ပြည်နယ် ဖရူဆိုမြို့နယ်၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်ခြင်းခံခဲ့ရ

ကယား (ကရင်နီ) ပြည်နယ် ဖရူဆိုမြို့နယ်၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်ခြင်းခံခဲ့ရ

Hsan Loi Editor
23/06/2023
Share:

 

ကယား (ကရင်နီ) ပြည်နယ် ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းအား ယနေ့ ဇွန်လ (၂၃) ရက်နေ့ နံနက် (၄) နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်ခြင်းကို ခံခဲ့ရကြောင်း သတင်းရရှိသည်။

 

ဗုံးကြဲတိုက်ခိုက်ခံရသော ကျေးရွာများသည် ဒိုရောက်အောင်ရွာနှင့် ထေးခိုရွာဖြစ်ပြီး ထေးခိုရွာသားတစ်ဦး သေဆုံးခဲ့သည်ဟုဆိုသည်။ ဒါ့အပြင် အခြားရွာသား (၂) ဦးလည်း ပြင်းထန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။ ဗုံးကြဲတိုက်ခိုက်ခံရခြင်းကြောင့် နေအိမ်သုံးလုံး ပျက်စီးဆုံးရှုံးခဲ့ရသည်။

 

အလားတူ ဇွန်လ (၂၂) ရက်နေ့တွင်လည်း စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် နဘားရွာအား စစ်ကောင်စီမှ လက်နက်ကြီးဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရမ်းသမ်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။