နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

တာချီလိတ်တွင် လက်နက်ခဲယမ်းများနှင့်အတူ ငွေကျပ် ၂ ဒ သမ ၁၁ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိဟုဆို

တာချီလိတ်တွင် လက်နက်ခဲယမ်းများနှင့်အတူ ငွေကျပ် ၂ ဒ သမ ၁၁ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိဟုဆို

Hsan Loi Editor
25/11/2022
Share:

သျှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်၊ လွယ် တော်ခမ်းကျေးရွာအုပ်စု၊ တစ်ရာကုတ်ကျေးရွာအနီးရှိ စိတ်ကြွရူးသွပ်ဆေးပြားထုတ်လုပ်သည့် စခန်းတွင်းမှအမျိုးသား ၈ ဦးနှင့်အတူ ငွေကျပ် ၂ ဒသမ ၁၁ ဘီလီယံကျော်တန်ဖိုးရှိမူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိကြောင်း နိုဝင်ဘာ ၂၅ ရက်နေ့က CCDAC MYANMAR ကဖော်ပြထားသည်။

၄င်းမူးယစ်ဆေးဝါးထုတ်လုပ်သည့်စခန်းတွင် ဒေ သကာလတန်ဖိုးငွေကျပ် ၂ ဒသမ ၁၁ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂ ဒသမ ၇၃၃ သန်း၊ စိတ်ကြွဆေးအကြေမှုန့် ၂၅၃ ကီလို၊ ဘိန်းစိမ်း ၃ ကီလို၊ ကဖင်း ၂၉ ကီလို၊ AK-47 သေနတ် ၂ လက်၊ ၎င်းကျည် ၁၀ တောင့်၊ အမ်-၂၂ သေနတ် ၁ လက်၊ ၎င်းကျည် ၅ တောင့်၊ ပွိုင့်-၂၂ သေနတ် ၁ လက်၊ ၁၂ ဗို့ ပြောင်းရှည်သေနတ် ၁ လက်၊ စိတ်ကြွရူးသွပ်ဆေးပြားထုတ်လုပ်သည့် ဆေးပြားရိုက်က်စက် ၁ လုံးနှင့် ဆက်စပ်ပစ္စည်းများ တွေ့ရှိဖမ်းဆီးခဲ့ကြောင်း သိရသည်။

စစ်ဆေးဖော်ထုတ်ချက်အရ နိုဝင်ဘာလ ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ရေပူစမ်းကျေးရွာရှိ စိတ်ကြွရူးသွပ်ဆေးပြားထုတ်လုပ်သည့် စခန်းပိုင်ရှင်တို့၏နေအိမ်မှ စိတ်ကြွ ရူးသွပ်ဆေးပြား ၄၁၃၆၀ ပြား၊ စိတ်ကြွဆေးပြားထုတ်လုပ်ရာတွင် အသုံးပြုသည့် မွှေစက်အသေး ၁ လုံး နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၇၃၉၂ ပြား၊ စိတ်ကြွဆေးအကြေမှုန့် ၇၀၀ ဂရမ်တို့ ထပ်မံသိမ်းဆည်းရမိခဲ့ပြီး ၎င်းတို့အား ဥပဒေအရ အရေးယူထားကြောင်း၊ မူးယစ် ဆေးဝါးထုတ်လုပ်သယ်ဆောင်ရောင်းဝယ်သူများပိုင်ဆိုင်သည့် ငွေကြေးအကျိုးအမြတ်များနှင့် ပိုင်ဆိုင်မှုများအား ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးနှင့် ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR က ဖော်ပြထားသည်။

#HsanLoiVoice

https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=

https://hsanloivoice.org/