နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ယမန်နေ့ညပိုင်း၌ လားရှိုးမြို့လယ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်အပြင် နံနက်ပိုင်းတွင်လည်း ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့

ယမန်နေ့ညပိုင်း၌ လားရှိုးမြို့လယ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်အပြင် နံနက်ပိုင်းတွင်လည်း ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့

Hsan Loi Editor
21/06/2023
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ ရပ်ကွက် (၂) ရှိ Golden Hill Hotel ရှေ့ရှိ ယာဉ်ရပ်နားရာနေရာတွင် ယမန်နေ့ည (၈) နာရီခန့် အမည်မသိလူနှစ်ဦးမှ ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး လက်ပစ်ဗုံးလာရောက်ပစ်ခဲ့ကြောင်း သတင်းရရှိသည်။

 

အဆိုပါဗုံးကို ဟိုတယ်လုံခြုံရေးဝန်ထမ်းက ကောက်ယူပြီး လမ်းမပေါ်သို့ပြန်လည်ပစ်ခတ်လိုက်ချိန် ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့သည်။ ဗုံးပေါက်ကွဲမှုကြောင့် ဟိုတယ်လုံခြုံရေးဝန်ထမ်း အနည်းငယ်ဒဏ်ရာ ရရှိခဲ့ပါသည်။ ဒါ့အပြင် အနီးအနားရှိ Mark 2 ကားတစ်စီးလည်း ဗုံးပေါက်ကွဲမှုကြောင့် အနည်းငယ် ထိခိုက်ပျက်စီးခဲ့သည်ဟုဆိုသည်။ ဗုံးလာရောက်ပစ်ခတ်သူများသည် ဗုံးပစ်ပြီးနောက် ဆိုင်ကယ်ကို မောင်းနှင်ထွက်ပြေးသွားခဲ့သည်။

 

ဗုံးပေါက်ကွဲမှုဖြစ်ပြီးနောက် ယနေ့နံနက် (၂း၃၀) ခန့်တွင် လားရှိုးမြို့ ရပ်ကွက် (၅) ရပ်ကွက်ရှိ (၅၀၇) စစ်ကောင်စီတပ်အား လက်နက်ကိုင်အဖွဲ့မှ လက်နက်ကြီးလက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထို့ကြောင့် စစ်ကောင်စီတပ်ဘက်မှလည်း ပြန်လည်ပစ်ခတ်တိုက်ခိုက်ရာမှ နံနက် (၃း၃၀) ခန့်အထိ ပစ်ခတ်တိုက်ခိုက်သံများ ဆက်တိုက် ထွက်ပေါ်ခဲ့သည်။

 

ဇွန်လ (၅) ရက်နေ့ကလည်း လားရှိုးမြို့ရှိ (၅၀၇) စစ်ကောင်စီတပ်အား MNDAA မှ လာရောက်ပစ်ခတ်တိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။

 

Photo credit & original uploader