နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ်အဖြစ် SSLRU မှ သစ်ပင် (၂၀၀) ကျော်စိုက်ပျိုးခဲ့

ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ်အဖြစ် SSLRU မှ သစ်ပင် (၂၀၀) ကျော်စိုက်ပျိုးခဲ့

Hsan Loi Editor
20/06/2023
Share:

 

ဒေါ်အောင်ဆန်းစုကြည်၏ (၇၈) နှစ်မြောက် မွေးနေ့အထိမ်း အမှတ်အဖြစ်ဇွန်လ ၁၉ ရက်နေ့က သျှမ်းတောင် ဒေသခံတော် လှန်ရေး တပ်ပေါင်းစု SSLRU မှ သစ်ပင် ၊ ပန်းပင်ပေါင်း (၂၀၀) ကျော်စိုက်ပျိုးခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

 

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့တွင်သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းကာကွယ်စောင့်ရှောက်စေလိုသောရည် ရွယ်ချက်ဖြင့် သစ်ပင်ပန်းပင်ပေါင်း (၂၀၀) ကျော်အား တပ်စခန်းအနီးတစ်ဝိုင်တွင်ရှိသော တောတောင်တစ်နေရာတွင် SSLRU ရဲဘော်များမှသွားရောက်စိုက်ပျိုးခဲ့ကြခြင်းဖြစ်သည်။

 

အမေစုမွေးနေ့အတွက် အမေစုသက်ရှည်ကျန်းမာပါစေ၊အမြန်ဆုံးပြန်လွတ်လာပါစေအရေးတော်ပုံကြီး အမြန်ဆုံးအောင်မြင်ပါစေ။ ပြည်သူတွေလိုလားတောင့်တနေကြသော ဖက်ဒရယ်ဒီမိုကရေစီ အမြန်ဆုံးရပါစေ ဟူ၍ SSLRU ရဲဘော်များမှ ဆုတောင်းမေတ္တာပို့ထားပြီး

 

“ ဆုတောင်းပေးတဲ့ ပါးစပ်တွေထက် ပါဝင်ပေးတဲ့ လက်တွေက ပိုအလုပ်ဖြစ်တယ်ဆိုတာ သိရှိထားသည့်အတွက်ကြောင့် အပြောနဲ့မဟုတ် အလုပ်နဲ့သက်သေပြကာ အ ရေးတော်ပုံကြီး အမြန်ဆုံးအောင်မြင်ဖို့အတွက် အစွမ်း ကုန်ကြိုးစားသွားမည်ဟု SSLRU ရဲဘော်များမှ ကတိသစ္စာပြုကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။