သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

လဲချားမြို့ မြို့မဈေးအနီး လူငယ်တစ်ဦး သေနတ်ပစ်ခံရပြီး ပွဲချင်းပြီးသေဆုံး

လဲချားမြို့ မြို့မဈေးအနီး လူငယ်တစ်ဦး သေနတ်ပစ်ခံရပြီး ပွဲချင်းပြီးသေဆုံး

Hsan Loi Editor
15/06/2023
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်း လဲချားမြို့ ရပ်ကွက်(၃) မြို့မဈေးအနီး၌ ယနေ့ ဇွန်လ (၁၅)ရက်နေ့ နံနက်(၉း၃၀)ခန့်တွင် လူငယ်တစ်ဦး သေနတ်ပစ်ခံရပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။ သေဆုံးသူ၏ အမည်နှင့်နေရပ်လိပ်စာကို မသိရသေးသလို လာရောက်ပစ်ခတ်သူကိုလည်း မြင်တွေ့လိုက်ရခြင်းမရှိကြောင်း ဒေသခံများက ပြောပြသည်။

 

သျှမ်းပြည်နယ်တောင်ပိုင်း လဲချားမြို့နယ်တွင် RCSS အဖွဲ့နှင့် UWSA ဦးဆောင်သည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့ စစ်ရေးပဋိပက္ခဖြစ်ပွားလျက်ရှိသည့် နေရာဖြစ်သည်။ လက်ရှိတွင် လဲချားမြို့နယ်အတွင်း SSPP အဖွဲ့မှ ဝင်ထွက်သွားလာလျက်ရှိသလို တပ်သားသစ်စုဆောင်းမှုများကြောင့် ဒေသခံ အများအပြား ထွက်ပြေးတိမ်းရှောင်နေရသည်။