ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

လဲချားမြို့ မြို့မဈေးအနီး လူငယ်တစ်ဦး သေနတ်ပစ်ခံရပြီး ပွဲချင်းပြီးသေဆုံး

လဲချားမြို့ မြို့မဈေးအနီး လူငယ်တစ်ဦး သေနတ်ပစ်ခံရပြီး ပွဲချင်းပြီးသေဆုံး

Hsan Loi Editor
15/06/2023
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်း လဲချားမြို့ ရပ်ကွက်(၃) မြို့မဈေးအနီး၌ ယနေ့ ဇွန်လ (၁၅)ရက်နေ့ နံနက်(၉း၃၀)ခန့်တွင် လူငယ်တစ်ဦး သေနတ်ပစ်ခံရပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။ သေဆုံးသူ၏ အမည်နှင့်နေရပ်လိပ်စာကို မသိရသေးသလို လာရောက်ပစ်ခတ်သူကိုလည်း မြင်တွေ့လိုက်ရခြင်းမရှိကြောင်း ဒေသခံများက ပြောပြသည်။

 

သျှမ်းပြည်နယ်တောင်ပိုင်း လဲချားမြို့နယ်တွင် RCSS အဖွဲ့နှင့် UWSA ဦးဆောင်သည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့ စစ်ရေးပဋိပက္ခဖြစ်ပွားလျက်ရှိသည့် နေရာဖြစ်သည်။ လက်ရှိတွင် လဲချားမြို့နယ်အတွင်း SSPP အဖွဲ့မှ ဝင်ထွက်သွားလာလျက်ရှိသလို တပ်သားသစ်စုဆောင်းမှုများကြောင့် ဒေသခံ အများအပြား ထွက်ပြေးတိမ်းရှောင်နေရသည်။