နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုပြီး MNDAA အဖွဲ့၏ ဖမ်းဆီးနှိပ်စက်မှုကြောင့် ကချင်တိုင်းရင်းသားတစ်ဦး အသတ်ဆုံးရှုံး

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုပြီး MNDAA အဖွဲ့၏ ဖမ်းဆီးနှိပ်စက်မှုကြောင့် ကချင်တိုင်းရင်းသားတစ်ဦး အသတ်ဆုံးရှုံး

Hsan Loi Editor
24/11/2022
Share:

 

နိုဝင်ဘာလ (၂၂) ရက်နေ့ သျှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မန်ဂျေကျေးရွာတွင် နေထိုင်သော ရွာသားတစ်ဦးဖြစ်သူ ဦးလမိုင်ဘရန်တောင်ကို MNDAA အဖွဲ့က မူးယစ်ဆေးဝါးသုံးစွဲသည်ဟူသော အကြောင်းပြချက်ဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

 

ဖမ်းဆီးခံရသူ ကချင်တိုင်းရင်းသား ဦးလမိုင်ဘရန်တောင်သည် မူးယစ်ဆေးစွဲသူတစ်ဦးဖြစ်ကြောင်း ဒေသခံတစ်ချို့က ဖွင့်ဟပြောကြားထားသော်လည်း ယခုလိုအသက်သေဆုံးသည်အထိ နှိပ်စက်ခံရမှုကြောင့် ဒေသခံများစိုးရိမ်ထိတ်လန့်ရကြောင်း သိရသည်။

 

၎င်း၏ အလောင်းကို နိုဝင်ဘာလ (၂၃) ရက်နေ့ နံနက် (၁၁) ခန့်တွင် ဒေသခံရွာသားများက ပြန်လည်ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

 

#HsanLoiVoice

 

https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=

 

https://hsanloivoice.org/