နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

မြေမြုပ်မိုင်းထိပြီး ဒဏ်ရာရခဲ့ကြသည့် သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင်အတွင်းက ဒေသခံပြည်သူများအား (JMFA) မှ ကူညီထောက်ပံ့ငွေများ လှူဒါန်း

မြေမြုပ်မိုင်းထိပြီး ဒဏ်ရာရခဲ့ကြသည့် သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင်အတွင်းက ဒေသခံပြည်သူများအား (JMFA) မှ ကူညီထောက်ပံ့ငွေများ လှူဒါန်း

Hsan Loi Editor
14/06/2023
Share:

မြေမြုပ်မိုင်းထိပြီး ဒဏ်ရာရခဲ့ကြသည့် သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင်အတွင်းက ဒေသခံပြည်သူများအား (JMFA) မှ ကူညီထောက်ပံ့ငွေများ လှူဒါန်း

14 June 2023 (4:21 PM)

သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင်အတွင်းရှိ မြေမြုပ်မိုင်းများနင်းမိကာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြသော ဒေသခံပြည်သူများအား Japan Myanmar Friendship Association (JMFA) မှ ယခုတစ်ပတ်အတွင်း ကူညီထောက်ပံ့ငွေများ ပေးခဲ့ကြောင်း သိရသည်။

JMFA မှ ပေးအပ်လာသော ကူညီထောက်ပံ့ငွေများအား ဒေသခံ လူမှုရေးအသင်းအဖွဲ့ဝင်များက မြေပြင်အထိ သွားရောက်ကူညီပေးခဲ့သည်။ ကူညီထောက်ပံ့မှုတွင် သီပေါမြို့နယ် တောင်မြို့ရပ်ကွက်က ကိုသန်းဇော်ဦး၊ ကျောက်မဲမြို့နယ် ပုံးလုံကျေးရွာမှ လုင်းဝိလိန္ဒ၊ ကျောက်မဲမြို့နယ် နမ့်မန်းကျေးရွာမှ နန်းသန်းအေးနှင့် ကျောက်မဲမြို့နယ် ခိုယောင်းကျေးရွာမှ စိုင်းလိန် စုစုပေါင်း (၄)ဦးအတွက် တစ်ဦးလျှင်(၅သိန်းကျပ်) စီ ထောက်ပံ့ကူညီခဲ့သည်ဟု ဆိုသည်။

၎င်းတို့သည် RCSS နှင့် မြောက်ပိုင်းမဟာမိတ်တိုက်ပွဲပြီးနောက်ပိုင်း ကျေးရွာတွင် ထောင်ထားသော မြေမြုပ်မိုင်းများ နင်းမိပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ကြသူများဖြစ်သည်။