နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

သျှမ်းပြည် ဝ အထူးဒေသ ၂ ပန်ဆန်းထိ ရောင်းစားခံရသော ထိုင်းအမျိုးသမီး

သျှမ်းပြည် ဝ အထူးဒေသ ၂ ပန်ဆန်းထိ ရောင်းစားခံရသော ထိုင်းအမျိုးသမီး

Hsan Loi Editor
12/06/2023
Share:

 

ထိုင်းနိုင်ငံ၏ လူကုန်ကူးမှုတားဆီးတိုက်ဖျက်နှိမ်နှင်းရေးအဖွဲ့နှင့် ထိုင်းရဲတပ်ဖွဲ့က သျှမ်းပြည်နယ်၊ ဝ အထူးဒေသ ၂ နယ်မြေ ပန်ဆန်းရှိ တရုတ်အမျိုးသားတဦးထံ ဖျားယောင်း ရောင်းချခံရသော ထိုင်းအမျိုးသမီး နန်းဆောဝ် ဝါဆနာ အသက် ၂၅ နှစ်ကို အရေးပေါ် ကယ်တင်ခဲ့ကြသည်ဟု မယ်ဆိုင်ပရပ်စ်ထိုင်းသတင်းဌာနက ဖော်ပြခဲ့သည်။

 

ထိုင်းနိုင်ငံ နခွန်းရတ်ကျစီမားမြို့နယ်မှ ဖြစ်ပြီး တာချီလိတ်မြို့နယ် KTV တခုသို့ ၂၀၂၃ ခု၊ မေလ ၂၂ ရက်နေ့က Titok application ကတဆင့် ရောက်ရှိခဲ့ခြင်းဖြစ်သည်။

 

တာချီလိတ်မြို့နယ် KTV သို့ရောက်ရှိပြီးမှ သူမသည် တရုတ်အမျိုးသားများထံ ရောင်းချခံရသည်ဟု သိရှိခဲ့သည်။

 

၂၀၂၃ ခု၊ မေလ ၂၆ ရက်နေ့တွင် သူမကို သျှမ်းပြည် ဝ အထူးဒေသ ၂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ UWSA ထိန်းချုပ်နယ်မြေသို့ ခေါ်ဆောင်သွားခဲ့သည်။

 

ထိုင်းအာဏာပိုင်များသိရှိပြီးနောက် UWSA နယ်မြေသည် စိတ်ချရသည့်နယ်မြေဒေသ မဟုတ်သဖြင့် ချက်ခြင်းကယ်တင်ရန် မြန်မာအာဏာပိုင်များနှင့် စီစဉ်လိုက်ကြသည်။

 

၂၀၂၃ ခု၊ မေလ ၂၉ ရက်နေ့တွင် ထိုင်းအာဏာပိုင်များက တာချီလိတ်မြို့နယ်ဘက်သို့ ဝင်ရောက်လာကာ မြန်မာအာဏာပိုင်များအကူအညီဖြင့် ပြန်လည်ခေါ်ဆောင်သွားခဲ့သည်။

 

ထိုင်းနယ်စပ် အာဏာပိုင်များနှင့် သက်ဆိုင်ရာက ထိုင်းအမျိုးသမီးများအနေနှင့် လုပ်ငန်းရှာဖွေလုပ်ကိုင်ရာတွင် သေချာစိစစ်ရန်နှင့် လူကုန်ကူးမှုခံရခြင်းမရှိစေရန် သတိပေးထားသည်။