ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ကရင်နီပြည်က Free Burma Rangers (David Eubank) ကြောင့် သတင်းထူးဖြစ်သွားတဲ့ Starlink အင်တာနက်

ကရင်နီပြည်က Free Burma Rangers (David Eubank) ကြောင့် သတင်းထူးဖြစ်သွားတဲ့ Starlink အင်တာနက်

Hsan Loi Editor
10/06/2023
Share:

 

Free Burma Rangers (David Eubank) ကတော့ ဇွန်လ ၈ ရက်နေ့ကတည်းက ကရင်နီပြည် စစ်ဘေးရှောင်တွေကြားကနေ သူဌေးကြီး Elon Musk နဲ့ Starlink အင်တာနက်တို့ကို ကျေးဇူးတင်ကြောင်း ဗွီဒီယိုနဲ့ ပြောဆိုခဲ့ပါတယ်။

 

Starlink ဂြိုလ်တုအင်တာနက်က ဘယ်လောက်ကျမလဲ?

လစဉ်ကြေး အမေရိကန်ဒေါ်လာ ၁၁၀ နဲ့ ပစ္စည်းတန်ဖိုး ၅၉၉ ဒေါ်လာကစပြီး အစားစားရှိကြောင်း လေ့လာတွေ့ရှိရပါတယ်။

 

Starlink အင်တာနက်ဆိုတာဘာလဲ?

ကမ္ဘာပေါ်မှာ အမြန်ဆန်ဆုံး ဂြိုလ်တုစွမ်းအင်သုံး အမေရိကန်ပြည်ထောင်စု လေကြောင်း အာကာသကုမ္ပဏီ SpaceX ပိုင်၊ ကမ္ဘာပေါ်မှာ အချမ်းသာဆုံးသူဌေးကြီးထဲက တဦးဖြစ်တဲ့ Elon Musk ရဲ့ အင်တာနက်ဖြစ်ကြောင်းလည်း လေ့လာတွေ့ရှိရပါတယ်။ ဗွီဒီယိုခေါ်တာ၊ လိုက်လွင့်တာ၊ အွန်လိုင်းဂိမ်းကစားတာတွေလည်း အဆင်ပြေတယ်လို့ သိရပါတယ်။

 

Starlink အင်တာနက်ဟာ သာမာန် ဝိုင်ဖိုင်တွေထက် မြန်သလား?

မြန်ပါတယ်။ ဂိမ်းကစားဖို့နဲ့ ဗွီဒီယိုလိုက်လွင့်ဖို့အတွက်တွေပါ အသုံးပြုလို့ရပါတယ်လို့ ဆိုပါတယ်။

 

Starlink အင်တာနက်ရဲ့ မြန်နှုန်း မီကာဗစ်?

အတော်လေးမြန်နှုန်းမြင့်ပါတယ်။ 50-200 Mbps ကြား ဖြစ်ပါတယ်။ 5/20/40 – 50/100/220 Mbps မြန်နှုန်းနဲ့ ဒေါင်းလုတ်ဆွဲယူနိုင်ပါတယ်။

 

Starlink အင်တာနက်ကို နေရာတိုင်းသုံးလို့ရလား?

လိုင်းရောက်နိုင်တဲ့နေရာ အကုန်ရပါတယ်လို့ဆိုပါတယ်။

 

Starlink အင်တာနက်စက်ကို ဘယ်နေရာ ထားရမလဲ?

ကောင်းကင်နဲ့တိုက်ရိုက်ထိတွေ့ ချိတ်ဆက်နိုင်တဲ့နေရာမှာ ထားဖို့ အရေးကြီးပါတယ်။ သစ်ပင်တွေအုံ့ဆိုင်းနေတဲ့နေရာတွေကို ဖြစ်နိုင်ရင် ရှောင်ရှားသင့်ပါတယ်။

 

Starlink အင်တာနက်က 5G ထက် ပိုမြန်သလား?

ပိုမြန်သလို ပိုပြီးတော့လည်း သုံးဖို့ အဆင်ပြေပါတယ်လို့ ရေးသားဖော်ပြထါးတာကို တွေ့ရပါတယ်။

 

Starlink အင်တာနက်က ဘာလို့ နှေးနိုင်တာလဲ?

သုံးစွဲသူပမာဏ အရေအတွက်ပိုများနိုင်တာကြောင့် သူထမ်းနိုင်တဲ့ဝန်ထပ်ပိုလုပ်ပေးရတဲ့အခါ နှေးကွေးနိုင်ပါတယ်လို့ ဆိုပါတယ်။

 

Starlink အင်တာနက်က ဖုန်း/လက်တော့ စက်ပစ္စည်းဘယ်နှစ်လုံးလောက်ထိ ချိတ်ဆက်အသုံးပြုနိုင်မလဲ?

အလုံးရေ ၂၀၀ ထိ အသုံးပြုနိုင်ပါတယ်။

 

Starlink အင်တာနက်ကို ဘယ်လိုဝယ်ရတာလဲ?

တလချင်းစီ၊ ဘဏ်အကောင့်အချင်းချင်း၊ ခရစ်ဒစ်ကတ်၊ ဒေးဗစ်ကတ်တွေ အသုံးပြုနိုင်ပါတယ်လို့ သိရပါတယ်။

 

Starlink အင်တာနက်စက်ပစ္စည်းတွေကို ဘယ်မှာဝယ်လို့ရမလဲ?

အနီးစပ်ဆုံး ထိုင်းနိုင်ငံနဲ့ စင်္ကာပူနိုင်ငံ အွန်လိုင်းတို့ကနေတဆင့် မှာယူနိုင်တယ်လို့ လေ့လာတွေ့ရှိရပါတယ်။

 

မှတ်ချက်။ Starlink အင်တာနက်နှင့် ဆက်စပ်သည့် အကြောင်းအရာများကို အိုင်တီနည်းပညာ ကျွမ်းကျင်သူများလည်း ကွန်မန့်တွင်ဗဟုသုတအလို့ဌာ ဖြည့်စွက် ဆွေးနွေးနိုင်ပါသည်။

Photo credit goes to owner.