သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

လားရှိုးမြို့နယ် ဟက်ကာရွာတွင် မိုးရွာသွန်းမှုကြောင့် လူနေအိမ်ပေါ် အုတ်တံတားပြိုကျပြီး အမျိုးသမီးတစ်ဦး ကလေးငယ် (၃) ဦး သေဆုံး

လားရှိုးမြို့နယ် ဟက်ကာရွာတွင် မိုးရွာသွန်းမှုကြောင့် လူနေအိမ်ပေါ် အုတ်တံတားပြိုကျပြီး အမျိုးသမီးတစ်ဦး ကလေးငယ် (၃) ဦး သေဆုံး

Hsan Loi Editor
10/06/2023
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် ဟက်ကာကျေးရွာတွင် ဇွန်လ (၁၀) ရက်နေ့ ယနေ့ နံနက် ၁ နာရီ ၂၃ မိနစ်ခန့်က မိုးရွာသွန်းမှုကြောင့် လူနေအိမ်ပေါ် အုတ်တံတိုင်းပြိုကျပြီး နေအိမ်အတွင်းရှိ မိသားစုဝင် (၄) ဦး အုတ်တံတိုင်းပိမိကာ သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

သေဆုံးသူများသည် ကလေးငယ် (၃) ဦး အမျိုးသမီး တစ်ဦးဖြစ်ပြီး ၎င်းတို့၏ အလောင်းကို လားရှိုးမြို့နယ်မီးသတ်ဦးစီးမှူးဦးစီးသည့် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ လားရှိုးမြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊လားရှိုးလူငယ်များလူမှုကူညီရေးအသင်း၊ ကမ်းလင့်လက်ပရဟိတအသင်း၊ ပေးသောလက်လူမှုကူညီရေးအသင်း၊ ကမ္ဘောဇနာရေးနှင့်ဆန်လှူအသင်းတို့နှင့် ပူးပေါင်းကာရှာဖွေ သယ်ထုတ်ပြီး လားရှိုးမြို့ ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။