ယမန်နေ့ ဇွန်လ ၉ ရက်နေ့တွင် ထိုင်းစစ်တပ်က စိတ်ကြွဆေးပြား ၅ သန်း ဖမ်းဆီးရမိကြောင်း ထုတ်ပြန်ခဲ့သည်ကို တွေ့ရပါသည်။ ယင်းစိတ်ကြွဆေးပြားများကို ပတ်ချုံးနယ်မြေ၊ လေးမြို့နယ်အတွင်း၌ တရားခံ ၂ ဦးနှင့်အတူ ဖမ်းမိခဲ့သည်ဟုဆိုသည်။
အလားတူ ဇွန်လ ၇ ရက်နေ့တွင်လည်း ထိုင်းနိုင်ငံ ပက်ချောင်းနယ်မြေ၊ နခွန်းရတ်ကျဆီမားမြို့နယ်အတွင်း တရားခံ ၄ ဦးနှင့်အတူ စိတ်ကြွဆေးပြား ၉,၉၆၀,၀၀၀ ဖမ်းဆီးရမိခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်ကို တွေ့ရပါသည်။

Ref: Thai Army