သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

စစ်ကောင်စီ တပ်စွဲထားသော နေရာ (၅) ခုအား KNU/KNLA မှ တပြိုင်နည်းတည်း ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား (၄၀) ဦးသေဆုံးပြီး (၁၂) ဦးဒဏ်ရာရရှိခဲ့ဟုဆို

စစ်ကောင်စီ တပ်စွဲထားသော နေရာ (၅) ခုအား KNU/KNLA မှ တပြိုင်နည်းတည်း ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား (၄၀) ဦးသေဆုံးပြီး (၁၂) ဦးဒဏ်ရာရရှိခဲ့ဟုဆို

Hsan Loi Editor
08/06/2023
Share:

 

၂၀၂၃ ခုနှစ် ဇွန်လ (၆) ရက်နေ့ နံနက် (၄) နာရီမှ (၇) နာရီအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ (၃) လက်အောက်ခံ ပူးပေါင်းတပ်ဖွဲ့တို့မှ KNU – ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင် တပ်မဟာ (၃)၊ မူးမြို့နယ်နှင့်လယ်ဒိုမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်များ တပ်စွဲထားသော နေရာ (၅) ခုအား တစ်နက်တည်းဝင်ရောက်တိုက်ခိုက် ဖျက်ဆီးခဲ့ကြောင်း KNU မှ ဖော်ပြထားသည်။

 

ဒါ့အပြင် စစ်ကောင်စီ ထောက်ပို့လမ်းများဖြစ်သည့် တံတား (၃) စင်းကိုလည်း ချိုးဖျက်ခဲ့သည်ဟု ဆိုသည်။ KNU/KNLA မှ တိုက်ခိုက်ဖျက်ဆီးခဲ့သည့် စစ်ကောင်စီတပ်စခန်းများသည် (၁) ရေတွင်းကုန်းလမ်းခွဲကင်းစခန်း၊ (၂) နတ်သံကွင်းမြို့ရဲစခန်း၊ (၃) နတ်သံကွင်းတံတားထိပ်ရှိရဲနှင့် ပူးပေါင်းတပ်စခန်း (တံတားအရှေ့ကင်း)၊ (၄) ကွင်းချောင်းဝအရှေ့ခြမ်းရှိတပ်နှင့်ပြည်သူ့စစ်ပူးပေါင်း တပ်စခန်း (တံတားအနောက်ကင်း) နှင့် (၅) ဘုံသတောစခန်းတို့ဖြစ်ဖြစ် ချိုးဖျက်ခဲ့သည့် တံတား (၃) စင်းသည် နတ်သံကွင်းတံတား၊ အုန်းနဲပင်နှင့်နယွဲပင်ကြားရှိတံတားနှင့် သာစည်နှင့် တာဆုံကြားရှိ တံတားတို့ဖြစ်သည်။

 

တိုက်ပွဲတွင် စစ်ကောင်စီတပ်သား (၄၀) ဦး သေဆုံးပြီး (၁၂) ဦးသေဆုံးခဲ့သလို KNU/KNLA ဘက်မှ (၄)ဦး ကျဆုံးပြီး (၁၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုဆိုသည်။ ထို့အတူ စစ်ကောင်စီတပ်ထံမှ G3 (၁) လက်၊ MA1 (၁) လက်၊ MA3 (၁) လက်၊ MA4 (၁) လက်၊ MA ကျည်တောက် (၁၀) ခု၊ MA ကျည် (၃၈၄)တောင့်၊ MA16 ကျည်ဘောက် (၁) ခု၊ M14 မိုင်း (၆၀)လုံး၊ 79 ကျည် (၁)လုံး၊ မိုင်းရှာစက် (၂) စုံနှင့် အခြားဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ ၎င်းတို့တပ်စခန်း တိုက်ခိုက်ဖျက်ဆီး ခံရခြင်းကြောင့် စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှု ပြန်လည်ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။

 

အဆိုပါတိုက်ပွဲကြောင့် လယ်ဒိုမြို့နယ်ရှိ နတ်သံကွင်း၊ ဒေါင်းမို့၊ တောကြောင်ပေါက်၊ ဝါးပင်စု၊ သောင်ပု စသည့် ကျေးရွာများနှင့် မူးမြို့နယ်ရှိ ရေတွင်းကုန်းကြီး၊ ရေတွင်းကုန်းလေး၊ ဥသျှစ်ခင်၊ အုန်းပင်စု၊ သပြေကုန်း စသည့် ကျေးရွာများမှ ဒေသခံ (၄၅၀၀) ဦးကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။