နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

တောင်ကြီးအဆင်းလမ်းတွင် ကုန်တင်ယာဥ်တိမ်းမှောက်/ယာဥ်မောင်း ပွဲချင်းပြီး သေဆုံး

တောင်ကြီးအဆင်းလမ်းတွင် ကုန်တင်ယာဥ်တိမ်းမှောက်/ယာဥ်မောင်း ပွဲချင်းပြီး သေဆုံး

Hsan Loi Editor
05/06/2023
Share:

 

တောင်ကြီး မြို့မှ အေးသာယာသို့ဆင်းသည့် အ ဆင်းလမ်း စိုက်ပျိုးရေးကွေ့အနီး တွင် ယနေ့ ညနေ ၄ နာရီချိန်ခန့်က ကုန်တင်ကားတစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ယာဥ်မောင်းအမျိုးသားတစ်ဦးနေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည် ။

” ညနေက မိုးအရမ်းရွာတော့ လမ်းချော်ပြီးစလစ်ဖြစ်တာ ကားတွေပိတ်နေလို့ ဆင်းကြည့်လိုက်တာ ကားမှောက်တာဖြစ်နေတယ် ကားဆရာကတော့ ပွဲချင်းပြီးပဲ ” ဟုမျက်မြင်တွေ့ရှိသူတစ်ဦးကပြော သည် ။

အဆိုပါတိမ်းမှောက်သည့်ယာဥ်တွင် ယာဥ်မောင်းနှင့် ယာဥ်နောက်လိုက်သူ ၂ ဦးပါရှိပြီး ယာဥ်မောင်း ဖြစ်သူမှာ နေရာတွင်သေဆုံးခဲ့ပြီး ယာဥ်နောက် လိုက်သူကိုသျှမ်းတောင် ကြက်ခြေနီအဖွဲ့က တောင်ကြီး စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည် ။

Photo credit SSSRC