တောင်ကြီး မြို့မှ အေးသာယာသို့ဆင်းသည့် အ ဆင်းလမ်း စိုက်ပျိုးရေးကွေ့အနီး တွင် ယနေ့ ညနေ ၄ နာရီချိန်ခန့်က ကုန်တင်ကားတစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ယာဥ်မောင်းအမျိုးသားတစ်ဦးနေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည် ။
” ညနေက မိုးအရမ်းရွာတော့ လမ်းချော်ပြီးစလစ်ဖြစ်တာ ကားတွေပိတ်နေလို့ ဆင်းကြည့်လိုက်တာ ကားမှောက်တာဖြစ်နေတယ် ကားဆရာကတော့ ပွဲချင်းပြီးပဲ ” ဟုမျက်မြင်တွေ့ရှိသူတစ်ဦးကပြော သည် ။
အဆိုပါတိမ်းမှောက်သည့်ယာဥ်တွင် ယာဥ်မောင်းနှင့် ယာဥ်နောက်လိုက်သူ ၂ ဦးပါရှိပြီး ယာဥ်မောင်း ဖြစ်သူမှာ နေရာတွင်သေဆုံးခဲ့ပြီး ယာဥ်နောက် လိုက်သူကိုသျှမ်းတောင် ကြက်ခြေနီအဖွဲ့က တောင်ကြီး စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည် ။

Photo credit SSSRC