၂၀၂၃ ခုနှစ် ဇွန်လ (၂) ရက်နေ့ ညပိုင်း (၇) နာရီက အိန္ဒိယနိုင်ငံအရှေ့ပိုင်း ဩဒစ်ရှ်ပြည်နယ် ဟိုးရ-ဘင်္ဂလော သွား အမြန်ရထားနှင့် ကာလ်ကတ္တား-ချင်နိုင်းသွား ကိုရိုမန်ဒဲလ် အမြန်ရထားတို့ တိုက်မိခဲ့ကြောင်း အိန္ဒိယနိုင်ငံသတင်းဖော်ပြမှုအရ သိရသည်။
ရထား (၂) စီး တိုက်မိမှုကြောင့် လူပေါင်း (၂၉၀) ဦး ကျော် သေဆုံးနေပြီဖြစ်သလို (၉၀၀) ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ခရီးသည်တင်ရထားတစ်စင်း၏ တွဲတချို့လမ်းချော်ပြီး ဘေးကပ်သံလမ်းပေါ်ကို ရောက်နေချိန် အဆိုပါသံလမ်းကို ဖြတ်မောင်းလာသည့်ရထားက ဝင်တိုက်ခြင်းဖြစ်ကြောင်း ဒေသသတင်းများ၏ ဖော်ပြချက်အရ သိရသည်။
