မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့ဖြစ်သော MNDAA, TNLA, AA အဖွဲ့တို့၏ ကိုယ်စားလှယ်များသည် မေလ (၃၀) ရက်နေ့တွင် သျှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလားမြို့တွင် ရောက်ရှိနေကြောင်း သိရသည်။
၎င်းတို့သည် တရုတ်နိုင်ငံသက်ဆိုင်ရာဌာနများ၏ ကြားဝင်ညှိနှိုင်းပေးမှုအရ မိုင်းလားမြို့တွင် ရောက်ရှိနေပြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
တရုတ်နိုင်ငံ ယူနန်ပြည်နယ် နိုင်ငံခြားရေးရာ အထူးသံတမန် ကောပေါင်သည်လည်း မိုင်းလားမြို့တွင်ရောက်ရှိနေပြီး ဆွေးနွေးပွဲဖြစ်မြောက်ရေး တရုတ်နိုင်ငံကိုယ်စားလှယ်အဖြစ် ပါဝင်သွားမည်ဟု ဆိုသည်။
