သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

ကရင်နီပြည်တွင် အသက် ၁၇ နှစ် အရွယ်ဆေးတပ်ဖွဲ့ဝင်အမျိုးသမီးအပါအဝင်ရဲ‌ဘော် ၄ ဦး ကျဆုံး

ကရင်နီပြည်တွင် အသက် ၁၇ နှစ် အရွယ်ဆေးတပ်ဖွဲ့ဝင်အမျိုးသမီးအပါအဝင်ရဲ‌ဘော် ၄ ဦး ကျဆုံး

Hsan Loi Editor
29/05/2023
Share:

 

ကရင်နီပြည် ဒီးမော့ဆိုတွင် စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ ဖြစ်ပွားသည့် တိုက်ပွဲများအတွင်း ဆေးကုသမှုအပိုင်းတွင်တာဝန်ယူ ဆောင်ရွက်နေသည့် Medic Unit – Demoso မှ အသက် ၁၇ နှစ် အရွယ်ဆေးတပ်ဖွဲ့ဝင်အမျိုးသမီးတစ်ဦးအပါအဝင်ရဲ‌ဘော် ၄ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

ကျဆုံးသော ရဲဘော် ၄ ဦးတို့မှာ မကယ်ရိုလိုင်းခိုင်လင်း၊ မအိန်ဂျယ်လာ၊ ကိုဘော့စကိုနှင့် ကိုမြထွေးတို့ဖြစ်ပြီး၄င်းတို့သည် အသက် ၁၇ နှစ်မှ၂၃ နှစ်ကြား လူငယ်များဖြစ်ကြကြောင်း သျှမ်းတောင်တော်လှန်ရေး အင်အားစုများထံမှ သိရသည်။

၄င်းတို့ ၄ ဦးမှာ စစ်ကောင်စီကို ပြန်လည်ခုခံရင်း ဒဏ်ရာရသည့် ဒေသခံလက်နက်ကိုင်တပ်ဖွဲ့ဝင်များနှင့် စစ်ဘေးဒုက္ခသည်များကို ဆေးကုသပေးနေသူများဖြစ်ပြီး မေလ (၂၇) ရက်နေ့က တာဝန်ထမ်းဆောင်နေရင်း ကျဆုံးခဲ့ရ သည့်အတွက် တော်လှန်ရေး၏ အာဇာနည်သူရဲကောင်းများအဖြစ် အသိအမှတ်ပြုကြောင်းကရင်နီ တော်လှန်ရေးတပ်ပေါင်းစု (Karenni Revolution Union- KRU ) မှ ထုတ်ပြန်ထားသည်။