သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

သျှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီမှ ပေါင် ၅၀၀ အလေးချိန်ရှိသည့် ဗုံးသီးများ အသုံးပြုပြီး လေကြောင်းတိုက်ခိုက်မှုပြုလုပ်

သျှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီမှ ပေါင် ၅၀၀ အလေးချိန်ရှိသည့် ဗုံးသီးများ အသုံးပြုပြီး လေကြောင်းတိုက်ခိုက်မှုပြုလုပ်

Hsan Loi Editor
27/05/2023
Share:

 

ယနေ့ မေလ (၂၇) ရက်နေ့ နံနက် ၅ နာရီမှ စတင်ပြီး သျှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့နယ်နှင့် သျှမ်း-ကယားနယ်စပ်အတွင်း စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွား ခဲ့ကြောင်း သတင်းရရှိသည်။ နံနက် (၇) နာရီခန့်တွင် စစ်ကောင်စီဘက်မှ အလေးချိန် ပေါင် (၅၀၀) ခန့်ရှိသည့် ဗုံးသီးကြဲချပြီး လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

 

ဒါ့အပြင် မိုးဗြဲမြို့ နေရာတော်တော်များများအား လေယာဉ်စက်သေနတ်ဖြင့် ၇ ကြိမ်ခန့် လည့်ပတ်ပစ်ခတ်ခဲ့ကြောင်း ဒေသသတင်းအရင်းအမြစ်များ၏ ဖော်ပြမှုအရ သိရသည်။ နံနက် (၁၁) နာရီခွဲခန့်အထိ မိုးဗြဲမြို့အခြေစိုက် (၄၂၂) တပ်အပါအဝင် လွိုင်ကော်မြို့ရှိ အမြောက်တပ်များမှ လက်နက်ကြီးများဖြင့် ပစ်ခတ်လျက်ရှိသည်ဟု သိရသည်။

 

လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ အနည်းဆုံး (၂) ဦး ထိခိုက်ဒဏ်ရာရရှိထားသည်ဟု သတင်းရရှိသည်။

 

Source & People spring