သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

သျှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့၌ ငွေကျပ်တန်ဖိုး ၁ ဘီလီယံကျော်သည့် ဘိန်းဖြူဘလောက်တုံးများ ဖမ်းဆီးရမိ

သျှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့၌ ငွေကျပ်တန်ဖိုး ၁ ဘီလီယံကျော်သည့် ဘိန်းဖြူဘလောက်တုံးများ ဖမ်းဆီးရမိ

Hsan Loi Editor
26/05/2023
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ်ရှိ စစ်ကောင်စီအဖွဲ့၏ စစ်ဆေးရေးဂိတ်တစ်ခု၌ ငွေကျပ်တန်ဖိုး ၁ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး (၁၉၅)တုံး၊ အလေးချိန် (၆၈.၂၅) ကီလိုအား ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီ၏ မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့၏ သတင်းဖော်ပြမှုအရ သိရသည်။

အဆိုပါမူးယစ်ဆေးဝါးများကို မေလ (၂၂)ရက်နေ့ နံနက် ၁၁နာရီခွဲခန့်တွင် အင်တော်မြို့မှ ရပ်စောက်မြို့သို့ မောင်းနှင်လာသည့် PRADO နှင့် TOYOTA HILUX ယာဉ်အား ရပ်တန့်စစ်ဆေးရာမှ ဘိန်းဖြူများကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

အဆိုပါ ဘိန်းဖြူများကို သျှမ်းပြည်နယ်မြောက်ပိုင်း မိုင်းရယ်မြို့မှ သျှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့သို့ သယ်ဆောင်ခြင်းဖြစ်ပြီး ယာဉ်မောင်းများဖြစ်သည့် ရီဝေမောင်၊ စံတင်နှင့် တင်လှိုင်တို့ (၃)ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သတင်းရရှိသည်။