နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ် နောင်ကန်ရွာကို စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုပြုလုပ်မှုကြောင့် အရပ်သား (၂)ဦး သေဆုံးခဲ့ဟုဆို

စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ် နောင်ကန်ရွာကို စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုပြုလုပ်မှုကြောင့် အရပ်သား (၂)ဦး သေဆုံးခဲ့ဟုဆို

Hsan Loi Editor
26/05/2023
Share:

 

၂၀၂၃ ခုနှစ် မေလ (၂၅)ရက်နေ့ ယမန်နေ့ညက စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ်၊ နောင်ကန်ရွာနှင့်ကြောင်လည်ရွာကို စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုမတိုင်ခင် ကြောင်လည်ရွာအနီး၌ စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်တို့ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိသည်။ ထို့ကြောင့် ယမန်နေ့ညက စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ဒေသခံ အရပ်သား(၂)ဦး သေဆုံးခဲ့သည်ဟုဆိုသည်။

သေဆုံးသူများသည် အသက်(၆၀)ကျော် အမျိုးသားတစ်ဦးနှင့် အသက်(၃၀)ကျော် အမျိုးသမီးတစ်ဦးဖြစ်ကြောင့် ဒေသသတင်းအရင်းအမြစ်များ၏ ယနေ့ဖော်ပြမှုအရ သိရသည်။

ဗန်းမောက်မြို့အနီး အင်းတော်မြို့နယ်အတွင်းတွင်လည်း တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၀)ဦးကျော် သေဆုံးနိုင်ကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့များက ဖော်ပြထားသည်။ အင်းတော်မြို့နယ်တိုက်ပွဲတွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ (၂)ဦး ကျဆုံးခဲ့ကြောင်း သတင်းရရှိသည်။