သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

မူးယစ်သားကောင်များနှင့် အိမ်ခြေရာမဲ့များ၏ သေဆုံးရာနေရာတစ်ခုလိုဖြစ်နေသည့် လားရှိုးမြို့၌ ပိုင်ရှင်မဲ့အလောင်းထပ်တွေ့ပြန်ပြီ

မူးယစ်သားကောင်များနှင့် အိမ်ခြေရာမဲ့များ၏ သေဆုံးရာနေရာတစ်ခုလိုဖြစ်နေသည့် လားရှိုးမြို့၌ ပိုင်ရှင်မဲ့အလောင်းထပ်တွေ့ပြန်ပြီ

Hsan Loi Editor
24/05/2023
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့၌ အခြေအနေမဲ့ အိမ်ခြေရာမဲ့နှင့် မူးယစ်ဆေးဝါးအသုံးလွန်ပြီး သေဆုံးမှု ဆက်တိုက်ဖြစ်ပေါ်လျက်ရှိပြီး ၂၃.၅.၂၀၂၃ ရက်နေ့၊ မွန်းလွဲ (၃း၃၀) ခန့်ကလည်း လားရှိုးမြို့၊ ရပ်ကွက် (၆)၊စိန်ပန်းလမ်း၌ အမျိုးသားတစ်ဦး သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။

သေဆုံးသူသည် အမျိုးသားဖြစ်ပြီး အမည်နှင့်နေရပ်လိပ်စာကိုမသိရသေးပါ။ သေဆုံးသူအလောင်းအား လားရှိုးလူငယ်များ လူမှုကူညီရေးအဖွဲ့က သယ်ဆောင်၍ လားရှိုးပြည်သူ့ဆေးရုံကြီး-အရေးပေါ်ဌာနသို့ ပို့ဆောင်ကူညီပေးခဲ့ပါသည်။

ယခုတစ်ပတ်အတွင်း လားရှိုးမြို့တွင် ပိုင်ရှင်မဲ့အလောင်း (၃) လောင်း တွေ့ရှိခဲ့ပြီဖြစ်သည်။