သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

တောင်ကြီးမြို့ ပြည်နယ်ရဲရုံးအနီး ဓါတ်ကြိုးမှတစ်ဆင့်မီးလောင်မှုဖြစ်ပွား

တောင်ကြီးမြို့ ပြည်နယ်ရဲရုံးအနီး ဓါတ်ကြိုးမှတစ်ဆင့်မီးလောင်မှုဖြစ်ပွား

Hsan Loi Editor
19/05/2023
Share:

 

တောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက်ရှိ ပြည်နယ်ရဲရုံးအနီးတွင်ယမန်နေ့ ညနေပိုင်းက ဓါတ်ကြိုးမှတစ်ဆင့်မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

 

စိန်းပန်းရပ်ကွက်၊နယ်မြေ (၄)၊ စည်ပင်လမ်းရှိ မီးဖို ချောင်သုံး ပစ္စည်းဂိုဒေါင် မီးလောင်ကျွမ်းခြင်းဖြစ် ကြောင်း မြို့ခံများထံမှ သိရသည်။

 

“ မနေ့ညနေ ၅ နာရီကျော်လောက်က စလောင်တာပါ ဓါတ်တိုင်ကဓါတ် ကြိုးကနေတစ်ဆင့် စလောင်တာလို့ သိရတယ် ၊ လူထိခိုက်မှုတော့မရှိပါဘူး ဂိုဒေါင်မီးလောင်တာဖြစ်တဲ့အတွက် ပစ္စည်း ဆုံးရှုံးမှုတွေတော့ ရှိပါတယ်” ဟု မီးလောင်ရာတွင် ကူညီပေးခဲ့သူတစ်ဦးက HsengLoiVoice သို့ပြောသည်။

 

အဆိုပါမီးလောင်မှုကြောင့် လူသေဆုံးမှုမရှိခဲ့ပဲ ဒဏ်ရာရသူများကို တောင်ကြီးကြက်ခြေနီအသင်းက သွားရောက်ကူညီပေးခဲ့ပြီး မီးသတ်ကားနှင့် ပရဟိတရေကား ၂ စီးမှ လာရောက် ငြိမ်းသတ်ခဲ့သည့်အတွက် ည ၆ နာရီဝန်းကျင်တွင် မီးငြိမ်းသွားကြောင်း သိရသည်။