နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ဆီဆိုင်မြို့နယ်အတွင်း သံတမန်ယာဉ်တန်းပစ်ခတ်ခံရမှုသည် PNO လက်ချက်ဖြစ်ကြောင်း PNFC ထုတ်ပြန်လာ

ဆီဆိုင်မြို့နယ်အတွင်း သံတမန်ယာဉ်တန်းပစ်ခတ်ခံရမှုသည် PNO လက်ချက်ဖြစ်ကြောင်း PNFC ထုတ်ပြန်လာ

Hsan Loi Editor
12/05/2023
Share:

 

၂၀၂၃ ခုနှစ် မေလ (၇) ရက်နေ့က သျှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့မှ ဆီဆိုင်မြို့သို့ ထွက်ခွာလာသည့် အာဆီယံလူသားချင်းစာနာမှုကူညီရေး ညှိနှိုင်းရေးဗဟိုဌာန (AHA) သံတမန်ယာဉ်တန်း ကို လက်နက်ကိုင်အဖွဲ့တစ်မှ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ အဆိုပါ ပစ်ခတ်တိုက်ခတ်မှုနှင့် ပတ်သက်၍ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ PNFC က PNO အဖွဲ့လက်ချက်ဖြစ်ကြောင်း ဖော်ပြလာသည်။

သံတမန်ယာဉ်တန်းပစ်ခတ်ခံရမှုတွင် ဒေသခံမျက်မြင်သက်သေများက ဌာနနေအသွင်ပြောင်း ပြည်သူ့စစ်အဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း PNFC က ထုတ်ပြန်ထားသည်။

၎င်းခရီးစဉ်ကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) က စီစဉ်ခြင်းဖြစ်ပြီး သံတမန်များ ခရီးစဉ်တိုက်ခိုက်ခံရမှုသည် PNO နှင့် စစ်ကောင်စီတပ်တို့ကို သံသယရှိသည်ဟု PNLO ဦးဆောင်နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက ဒေသသတင်းများထံ ဖြေကြားထားသည်ကို တွေ့ရသည်။

PNFC ၏ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ PNO အဖွဲ့မှ မည်သည့်တုန့်ပြန်မှုမှ မရှိသေးပါ။