နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

သျှမ်းပြည်နယ်အပါအဝင် ပြည်နယ်နှင့်တိုင်း (၁၂)ခုတွင် (၅) ရက်အတွင်း မိုးထစ်ချုန်းရွာနိုင်ချေရှိ

သျှမ်းပြည်နယ်အပါအဝင် ပြည်နယ်နှင့်တိုင်း (၁၂)ခုတွင် (၅) ရက်အတွင်း မိုးထစ်ချုန်းရွာနိုင်ချေရှိ

Hsan Loi Editor
11/05/2023
Share:

 

ယနေ့မှစ၍ မေလ (၁၅)ရက်နေ့အထိ ၅ ရက်အတွင်း သျှမ်းပြည် နယ်(အရှေ့ပိုင်းနှင့် တောင်ပိုင်း) အပါအ ဝင်တိုင်း ဒေသကြီးနှင့် ပြည်နယ် ၁၂ခုတို့တွင် နေရာ အနှံ့ အပြားမိုးထစ် ချုန်း ရွာနိုင်ကြောင်း မိုးလေဝ သ နှင့်ဇလဗေဒ ဦးစီးဌာန၏ ခန့်မှန်းချက်များ အရ သိရသည်။

ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ဆက် စပ်နေသော ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသည့် အားကောင်းသောလေဖိအားနည်းရပ်ဝန်းကြောင့် မိုးထစ်ချုန်းရွာသွန်နိုင်ကြောင်း ခန့်မှန်းချက်တွင်ပါရှိသည် ။

လေဖိအားနည်း ရပ်ဝန်းမှ တဆင့် ဖြစ်ပေါ်လာနိုင်သည့်ဆိုင်ကလုန်းမုန်တိုင်း၏အရှိန်ကြောင့် လေပြင်း တိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ရုတ်တရက်ရေကြီးခြင်း နှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့်မြေပြိုမှု အန္တရာယ်ကိုလည်းကောင်း၊ မြန်မာ့ကမ်းရိုး တန်းတစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သ တိ ပြုနေထိုင်ကြရန်နှင့်ပြည်တွင်းလေကြောင်း ပျံ သန်းရေးနှင့် မြန်မာ့ကမ်းရိုး တ န်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်းကြို တင် သတိပြုရှောင်ရှားနိုင်ရန် သတိပေးချက်များ ထုတ်ပြန်ထားသည်။

နေရာ အနှံ့အပြား မိုးထစ်ချုန်း ရွာနိုင်သည့် နေရာများမှာ နေပြည်တော်၊ စစ်ကိုင်းတိုင်း ဒေသကြီး အောက်ပိုင်း၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ သျှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ် ၊ ကယား ပြည် နယ်၊ ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့ပါဝင်ကြောင်း မိုးလေဝသ ခန့်မှန်းချက်များအရသိရသည် ။

 

Photo – original uploader