နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

သျှမ်းသက္ကရာဇ် ၂၁၁၇ ခုနှစ် သျှမ်းနှစ်သစ်ကူးပွဲတော် နှင့် ပါတ်သက်သည့် စာတမ်းဖတ်ပွဲကို တောင်ကြီးမြို့တော်၌ ကျင်းပ

သျှမ်းသက္ကရာဇ် ၂၁၁၇ ခုနှစ် သျှမ်းနှစ်သစ်ကူးပွဲတော် နှင့် ပါတ်သက်သည့် စာတမ်းဖတ်ပွဲကို တောင်ကြီးမြို့တော်၌ ကျင်းပ

Hsan Loi Editor
22/11/2022
Share:

 

သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဦးစီးတည်ထောင်သူနှင့် ပါမောက္ခချုပ် အောက်စဖို့ဒ်ဆရာတော် ဒေါက်တာဘဒ္ဒန္တဓမ္မသာမိ Dphil (Oxford) ၏ သက်တော် ၅၈ နှစ်ပြည့် မွေးနေ့တော် ရည်စူးပူဇော်ရန်နှင့် သျှမ်းသက္ကရာဇ် ၂၁၁၇ ခုနှစ်၊ သျှမ်းနှစ်သစ်ကူးပွဲတော်ကို ကြိုဆိုခြင်းအထိမ်းအမှတ်အဖြစ် ၂၁၁၇ ခုနှစ် သျှမ်းနှစ်သစ်ကူးပွဲတော် စာတမ်းဖတ်ပွဲကို သျှမ်းပြည်နယ်၊ တောင်ကြီးမြို့တော်ရှိ Integrated Development Institute-IDI ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအင်စတီကျု့၌ ယနေ့ ကျင်းပပြုလုပ်ခဲ့သည်ဟု သိရသည်။

 

ဖွင့်ပွဲအခမ်းအနားတွင် ဥပဒေပညာရှင် လုံးစိုင်းမျိုးမြင့်က “ပထမဆုံးစာတမ်းဖတ်ပွဲကြီး ပြုစုတာဟာ အောင်မြင်မှုတခု၊ ဘယ်လောက်ကောင်းတယ်မကောင်းဘူးဆိုတာ ကိုယ့်ရဲ့ဆုံးဖြတ်ချက်၊ သူငယ်ချင်းတွေကဝေဖန်လို့ရှိရင် ကိုယ်က အားငယ်သွားတယ်၊ ကြိုက်တာမကြိုက်တာ သူများအလုပ်၊ ကိုယ့်ရဲ့ကြိုးစားအားထုတ်မှု ဘယ်တော့မဆို မလျော့လိုက်ပါနဲ့၊ ကိုယ့်ကိုယ်ကို အပြည့်အဝယုံကြည်ပါ၊ သိမ်ငယ်တယ်ဆိုတာ ဘယ်တော့မှမရှိရဘူး စိတ်ဓါတ်ကြံ့ခိုင်မှု တည်ငြိမ်မှုအရေးကြီးတယ်” ဟု အမှာစကားပြောကြားသွားပါသည်။

 

သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်မှ လက်ရှိ ကထိက ဆရာတော်တပါးဖြစ်သူ အရှင် Devinda မှလည်း “စာတမ်းဖတ်ပွဲကျင်းပတတ်အောင် စီစဥ်တတ်အောင် လေ့ကျင့်မှုတခုဖြစ်လို့ ဂုဏ်ယူပါတယ်” ဟု အဖွင့်အမှာစကား ပြောကြားသွားခဲ့ပါသည်။

 

“People do not care for who you are လူတွေက မင်းဘယ်သူလည်းဆိုတာ ဂရုမစိုက်ဖူးတဲ့ They care only for what you are ဘာအရည်အချင်းရှိလဲဆိုတာကိုပဲ ဂရုစိုက်တယ်” ဟု စံကားစော်ဘွားအနွယ်ဝင်လည်းဖြစ်သူ တရားလွတ်တော်ရှေ့နေတဦးလည်းဖြစ်သူ စဝ်မြဝတီကလည်း အမှာစကားပြောကြားသွားပါသည်။

 

Integrated Development Institute-IDI ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအင်စတီကျု့၏ ပထမအကြိမ်မြောက် စာတမ်းဖတ်ပွဲ၌ စုစုပေါင်း စာတမ်း ၈ စောင် တင်သွင်း ဖတ်ကြားခဲ့သည်ဟု သိရပါသည်။

 

သျှမ်းနှစ်သစ်ကူးနှင့်ပါတ်သက်သည့် စာတမ်း ၃ စောင်၊ သျှမ်းဓလေ့ထုံးတမ်းနှင့် မြေယာဥပဒေ၊ ဥပေဒ၊ အိမ်ထောင်ရေးပြဿနာ၊ လင်မယားကွာရှင်းပြတ်စဲခြင်းဆိုင်ရာ စာတမ်းများ ဖြစ်သည်ဟု သိရပါသည်။

 

သျှမ်းပြည်နယ် တောင်ကြီးမြို့တော်ရှိ ပါမောက္ခချုပ် အောက်စဖို့ဒ်ဆရာတော် ဒေါက်တာဘဒ္ဒန္တဓမ္မသာမိ Dphil (Oxford) နှင့် လွယ်လုံဆရာတော် စဝ်ခူးသီရိတို့က ဖြစ်မြောက်ရေးအတွက် အကြံပေးသလို လိုအပ်သည့်ကိစ္စများပါ ကူညီပံ့ပိုးပေးသည်ဟု Integrated Development Institute-IDI ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအင်စတီကျု့ တည်ထောင်သူနှင့် တရားလွတ်တော်ရှေ့နေ နန်းဝါနုက ပြောပါသည်။

 

စာတမ်းဖတ်ပွဲသို့ တောင်ကြီးမြိုတော်အနီးတဝိုက်မှ ဖိတ်ကြားထားသည့် သျှမ်းသမိုင်းလေ့လာသူများလည်း တက်ရောက်လေ့လာခဲ့သလို ပါဝင်ဆွေးနွေးခဲ့ကြောင်းလည်း သိရပါသည်။

 

#HsanLoiVoice

https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=

https://hsanloivoice.org/