၂၀၂၃ ခုနှစ် မေလ (၈) ရက်နေ့ ညနေ(၅)နာရီခန့်က သျှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၌ စားကျက်မှပြန်လာသည့် နွားအုပ် မိုးကြိုးပစ်ခံရပြီး နွား(၁၅)ကောင် နေရာတွင်ပင် သေဆုံးခဲ့ကြောင်း သိရသည်။
စားကျက်လွတ်ပြီးပြန်လာသော နွားများသည် နောင်ကားရွာအရှေ့ဘက်၊ ရွာလမ်းညွှန်ဆိုင်းဘုတ်အနီးရှိ လမ်းမကြီးဘေးအရောက် မိုးကြိုးပစ်ခံရခြင်းဖြစ်သည်။