နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

မြို့တော်တောင်ကြီးတွင် ယခုနှစ်သျှမ်းနှစ်သစ်ကူး  ပွဲတော်ကို ပျော်ပွဲရွှင်ပွဲများဖြင့် ကျင်းပမည်မဟုတ် 

မြို့တော်တောင်ကြီးတွင် ယခုနှစ်သျှမ်းနှစ်သစ်ကူး ပွဲတော်ကို ပျော်ပွဲရွှင်ပွဲများဖြင့် ကျင်းပမည်မဟုတ် 

Hsan Loi Editor
22/11/2022
Share:

 

သျှမ်းပြည်နယ်မြို့တော် တောင်ကြီးတွင် ယခုနှစ် သျှမ်းနှစ်သစ်ကူးပွဲတော်ကို ပျော်ပွဲရွှင်ပွဲများဖြင့် ကျင်းပမည်မဟုတ်ပဲ သံဃာတော်များအား နှစ်သစ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် နှစ်သစ်တရားတော်နာယူခြင်းများကိုသာပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

 

“ ဒီမြေပေါ်မှာ အတူတူနေထိုင်ကြတဲ့ တိုင်းရင်းသားချင်းအတူတူ ဒီအာဏာရှင်အောက်မှာ နေရတာခြင်းအတူတူ အခြားသူတွေက စည်းဇိမ်၊ အိုးအိမ်၊ အသက်ကိုယ်လက်အဂႅါတွေမိသားစုတွေ ဆုံးရှူံးခံပြီး တန်းတူအခွင့်အရေးရဖို့ အရင်းအနှီးကြီးကြီးနဲ့ တိုက်ပွဲဝင်နေတဲ့အချိန် ကျွန် တော်တို့က ဘယ်လိုနှလုံးသားနဲ့ ပျော်ပွဲရွှင်ပွဲ ထလုပ်နေနိုင်မလဲ” ဟု တောင်ကြီး မြို့ခံ သျှမ်းတိုင်းရင်းသား တစ်ဦးကပြောသည်။

 

တောင်ကြီး သျှမ်းစာပေယဥ်ကျေးမှုအသင်းမှ ဦးဆောင် ၍ သျှမ်းသက္ကရာဇ် 2117 နှစ်ကို ကြိုဆိုသောအားဖြင့်ယနေ့တွင် အပြည်ပြည်ဆိုင်ရာဗုဒ္ဓတက္ကသိုလ်၌ သတင်းသုံး စာပေလေ့လာသင်ကြားနေကြသော သံဃာတော်အရှင်သူမြတ်များအား နှစ်သစ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် နှစ်သစ်တရားတော်နာယူခြင်း အစီအစဥ်ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

 

တောင်ကြီးမြို့တွင်နှစ်စဥ် သျှမ်းနှစ်သစ်ကူး ပွဲတော်အားစည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လေ့ရှိသော်လည်း ကိုဗစ် ၁၉ ကပ်ရောဂါကာလနှင့် စစ်ကောင်စီ အာဏာသိမ်း ကာလတို့တွင် သျှမ်းတိုင်းရင်းသားများနှစ်သစ်ကူးပွဲတော် ကျင်းပပြုလုပ်ခြင်းမရှိပေ။

 

#HsanLoiVoice

 

ဓါတ်ပုံ – ၂၀၁၉ ခုနှစ်တောင်ကြီးမြို့တွင် ကျင်းပပြုလုပ်ခဲ့သော သျှမ်းနှစ်သစ်ကူးပွဲတော်။

 

https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=

 

https://hsanloivoice.org/