နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

မိုင်းကိုင်မြို့နယ်အတွင်း ကျေးရွာအုပ်စုတစ်စုကို တစ်နှစ်စာအတွက်ဆန် (၇၂) အိတ်၊ တစ်လ တပ်သားသစ်(၁)ဦးနှုန်းပေးရန် SSPP အတင်းကောက်ခံနေဟုဆို

မိုင်းကိုင်မြို့နယ်အတွင်း ကျေးရွာအုပ်စုတစ်စုကို တစ်နှစ်စာအတွက်ဆန် (၇၂) အိတ်၊ တစ်လ တပ်သားသစ်(၁)ဦးနှုန်းပေးရန် SSPP အတင်းကောက်ခံနေဟုဆို

Hsan Loi Editor
06/05/2023
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများမှ ဒေသခံပြည်သူများထံ တပ်သားသစ်နှင့် ဆန်အဆမတန်ကောက်ခံလျက်ရှိကြောင်း သိရသည်။ ကျေးရွာအုပ်စုတစ်စုလျှင် တစ်လ တပ်သားသစ် (၁)ဦး နှုန်းပေးပို့ရမည်ဖြစ်ပြီး တစ်နှစ်လုံးစာအတွက် ကျေးရွာအုပ်စုတစ်စုလျှင်တပ်သားသစ်(၁၂)ဦး ပေးပို့ရမည်ဟု ဆိုသည်။

ဒါ့အပြင် ကျေးရွာအုပ်စုတစ်စုလျှင် ဆန် (၇၂)အိတ်ကိုလည်း ပေးပို့ရန် အတင်းကောက်ခံနေမှုများကြောင့် ဒေသခံပြည်သူများ အခက်အခဲနှင့်ရင်ဆိုင်နေရကြောင်း သိရသည်။

“RCSS အဖွဲ့ရှိတုန်းကလည်း တပ်သားသစ်စုဆောင်းတာတို့ ဆန်၊ဆီ၊ဆား ကောက်တာတို့လုပ်ကြပေမယ့် အခုလောက်ထိတော့ မများကြဘူး။ အခု တစ်နှစ်အတွက် ဆန်(၇၂) အိတ်ဆိုတော့ မလွယ်ဘူးလေ။ အလုပ်လုပ်နိုင်တဲ့သူတွေက ရွာထဲမှာသိပ်မရှိတော့ဘူး။ ထိုင်းတို့ တရုတ်နိုင်ငံတို့ကို ထွက်ပြေးကုန်ကြတော့ ရွာထဲမှာ သက်ကြီးရွယ်အိုတွေ မိန်းကလေးတွေပဲကျန်တော့တာ။ အလုပ်သိပ်မလုပ်နိုင်ကြချိန်မှာ ဒီလောက်ထိ ဆန်အများကြီးပေးနိုင်ဖို့ကတော့ အခက်အခဲရှိသွားပြီလေ။ ပြီးတော့ စစ်သားလုပ်ဖို့ ကျေးရွာအုပ်စုတစ်စုကို တစ်လတစ်ယောက်နှုန်း ပေးရမယ်။ တစ်နှစ်စာအတွက် တစ်ခါတည်း (၁၂) ယောက်ပေးနိုင်ရင်လည်းရတယ်လို့ ပြောတယ်။ ရွာထဲမှာက ယောကျာ်းလေးတွေ တော်တော်များများ ထွက်ပြေးကုန်ကြပြီမို့ လူသိပ်မရှိတော့ဘူး။ အဲ့ဒါကြောင့် လူငှားပြီး ကိုယ်စားသွားခိုင်းရတယ်။ စစ်သားလုပ်ဖို့ လူစားထိုးငှားရင်လည်း တစ်ယောက်ကို သိန်း(၁၀၀) ကျပ်လောက်အထိပေးရတယ်။” ဟု မိုင်းကိုင်မြို့နယ်တွင်နေထိုင်သော အမည်မဖော်လိုသူတစ်ဦး ကပြောပြသည်။

“အခုကျနော်တို့ ဒေသမှာဆိုရင် SSPP ပဲမဟုတ်ဘူး ဝ တပ်တွေလည်း ရောက်နေတော့ ရွာအဝင်အထွက်တောင် ကန့်သတ်ထားတာတွေရှိတယ်။ ဝ တပ်သားတွေရှိတဲ့နေရာတွေဆိုရင် ည(၆)နာရီကနေ မနက်(၆)နာရီအထိ ရွာအဝင်အထွက်ပိတ်ထားတယ်။ တလောကတုန်းကလည်း ဘုန်းကြီးကျောင်းကန်တော့ဖို့ သွားကြတာ သူတို့တွေပေးမဝင်လို့ မကန်တော့ခဲ့ရဘူး။ ပြီးရင် ရွာထဲနေတဲ့သူတွေရဲ့ နာမည်စာရင်းနဲ့ ဓာတ်ပုံတွေလည်း သူတို့အကုန်ယူထားကြတယ်။ သျှမ်းရွာတွေကို ဝ တပ်သားတွေက ဒီလိုအနိုင်လာကျင့်နေတာကို SSPP ဘက်ကလည်း ဘာမှမပြောပေးဘူး။” ဟု မိုင်းကိုင်မြို့နယ် ကျေးရွာတစ်ရွာတွင် နေထိုင်သော ဒေသခံတစ်ဦးကလည်း ပြောပြသည်။

ဆက်စပ်သတင်းများအရ SSPP အဖွဲ့မှ စစ်သင်တန်းများလေ့ကျင့်သင်ကြားပေးထားသည့် ကျေးရွာလူငယ်ခေါင်းဆောင်များကိုလည်း ပြန်လည်ခေါ်ဆောင်လျက်ရှိပြီး ရှေ့တန်းစစ်မြေပြင်ထံ ပို့နေကြောင်း သိရသည်။