နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ရွာငံတွင် သီးနှံစိုက်ပျိုးချိန် စစ်ကြောင်း ထိုးလာမှုကြောင့် ဒေသခံများထိတ်လန့် နေရ

ရွာငံတွင် သီးနှံစိုက်ပျိုးချိန် စစ်ကြောင်း ထိုးလာမှုကြောင့် ဒေသခံများထိတ်လန့် နေရ

Hsan Loi Editor
06/05/2023
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်း ၊ ပင်းတယ မြို့နယ် ၊ ရွာငံတောင်ပိုင်း၌ ယမနေ့ (မေလ ၅ရက်နေ့) က စစ်ကောင်စီတပ်များအင်အားအများအပြားဖြင့် စစ် ကြောင်းထိုးလာပြီး ရှာဖွေမှုများပြုလုပ်မှုကြောင့် ဒေသခံများထိတ်လန့် နေရကြောင်း သိရသည် ။

” ဘာသတင်းရလဲမသိဘူး အင်အား တစ်ရာလောက်ရှိမယ် စစ်သားတွေ ရွာငံတောင်ကိုင်ဖက်ကို စစ်ကြောင်း ထိုးလာတာ ၊ အေးအေးဆေးဆေး ကိုလုပ်ကိုင်စားသောက်လို့မရဘူး သူတို့လာရင် ဘယ်သူမှ ယာထဲမသွားရဲကြတော့ဘူး ဒီအချိန်က သီးနှံပျိုးရမယ့်အချိန်လေ မကြာခင်မိုးကျတော့မှာ ” ဟု ရွာငံဒေသခံတစ်ဦးကျပြောသည် ။

ယမနေ့က စစ်ကောင်စီတပ်သားရာချီ ဖြင့် ရွာငံတောင်ပိုင်း နန်းခုံရွာ၊လွှစင်ရွာ ၊ သာစည်နယ်စပ် ငှက်ပျောတောရွာနှင့် ကုန်းပေါ်ရွာ တစ်ဝိုက်တွင် စစ်ကြောင်း ထိုးလာခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်ထံမှသိရသည် ။

ရွာငံမြို့နယ်တောင်ပိုင်းကို မနေ့ နေ့လည်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင် များရောက်ရှိလာကြပြီး နန်းခုံဘုန်းကြီးကျောင်း၊လွှစင်ဘုန်းကြီးကျောင်း တို့တွင်
စခန်းချထား သည်ဟု ၄င်းသတင်းရင်းမြစ်ထံမှ ဆက်လက်သိရသည် ။

ယင်းသို့ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးလာလျှင် ဒေသခံများအား အကြောင်းမဲ့ ဖမ်းဆီးခြင်း ၊နေအိမ်များမီးရှို့ခြင်းစသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကျုးလွန်တတ်ခြင်းကြောင့် ဒေသခံများထိတ်လန့်နေရခြင်းဖြစ်သည် ။

သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ စစ်တမ်းများအရ ရွာငံ ဒေသတွင် ပြီးခဲ့သည့် ၂၀၂၂ ဖေဖော်၀ါရီမှဧပြီလအထိ သုံးလအတွင်း အပြစ်မဲ့ပြည်သူ ၁၀ဦးကို စစ်ကောင်စီကဖမ်းဆီး နှိပ်စက်သတ်​ဖြတ်ခဲ့ပြီး ကျေးရွာ ၄ ရွာမှ ဒေသခံ ၈၀၀ကျော်မှာ နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည် ။